တောင်ကိုရီးယားနိုင်ငံ၌ Modernal ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထုတ်လုပ်မည်

ဆိုးလ်  ၂၄  မေ

တောင်ကိုရီးယားနိုင်ငံ၌ Moderna ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထုတ်လုပ်ရန် Samsung Biologics ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီနှင့် Moderna ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတို့အကြား သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် တတိယသုံးလပတ်တွင် အမေရိကန်နိုင်ငံ ပြင်ပဈေးကွက်သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဖြန့်ဖြူးရန် ရည်ရွယ်ထားကြောင်း အမေရိကန်ဆေးဝါးကုမ္ပဏီ Moderna က ဆိုသည်။

ထို့ပြင် Moderna ဆေးဝါးကုမ္ပဏီက ကိုရီးယားအမျိုးသားကျန်းမာရေး အင်စတီကျုနှင့် ကိုရီးယား ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနတို့နှင့်လည်း နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

“ တောင်ကိုရီးယားနိုင်ငံက Moderna ကိုဗစ်၁၉ ရောဂါကာကွယ်ဆေးအလုံးရေ သန်း ၄၀ ကို ရယူသုံးစွဲနိုင်ပြီ ဖြစ်ကြောင်း Moderna ဆေးဝါး ထုတ်လုပ်ရေးကုမ္ပဏီက ပြောကြားသည်။

တောင်ကိုရီးယားနိုင်ငံ၌ ထုတ်လုပ်မှုဆိုင်ရာ အခွင့်အလမ်းများကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း Moderna ဆေးဝါးကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် စတီဗင်ဘန်ဆယ်က ပြောကြားသည်။

ကိုးကား- စီအင်န်အေ

ဘာသာပြန်- အောင်ကျော်ကျော်