တောင်ကိုရီးယားနိုင်ငံ၌ ရောဂါကူးစက်ခံရသူ လေးသိန်းနီးပါးတွေ့ရှိ

ဆိုးလ် မတ် ၂၅ 

တောင်ကိုရီးယားနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံ ရသူ ၃၉၅၅၉၈ ဦး ထပ်မံစစ်ဆေးတွေ့ရှိရာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၀၈၂၂၈၃၆ ဦးရှိလာကြောင်း ကျန်းမာရေးအာဏာပိုင်များက ပြောသည်။

လက်ရှိတွင် မြို့တော်ဆိုးလ်၌ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှု မြင့်တက် လျက်ရှိကြောင်း ကိုရီးယားရောဂါကာကွယ်ထိန်းချုပ်ရေး အေဂျင်စီက ပြောသည်။

ရောဂါထပ်မံကူးစက်ခံရသူများအနက် ၇၇၇၆၈ ဦးသည် မြို့တော်ဆိုးလ်မှဖြစ်ပြီး ၁၀၇၄၇၂ ဦးသည် ကျောင်ဂီစီရင်စုနှင့် ၂၄၆၈၉ ဦးသည် အင်ချွန်းမြို့မှ ဖြစ်ကြောင်းနှင့် ကျန် ၆၇ ဦးသည်နိုင်ငံရပ်ခြားမှ ပြန်လည်ရောက်ရှိလာသူများဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်အထိ နိုင်ငံရပ်ခြားမှ ပြန်လည်ရောက်ရှိလာသည့် ရောဂါကူးစက်ခံရသူ အရေအတွက် ၃၀၈၁၈ ဦးရှိသည်။

ထို့ပြင် ရောဂါပြင်းထန်စွာ ခံစားနေရသူ၁၀၈၁ ဦးရှိကြောင်း ကျန်းမာရေးအာဏာ ပိုင်များက ဆိုသည်။ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် ၄၇၀ ထပ်မံ သေဆုံးခဲ့ရာ အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၁၃၉၀၂ ဦးရှိပြီဖြစ်သည်။

တောင်ကိုရီးယားအစိုးရကကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးမှုအစီအစဉ် ကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်အထိ ပြည်သူ ၄၄၉၃၆၃၀၀ (နိုင်ငံ လူဦးရေ၏၈၇ ဒသမ ၆ ရာခိုင်နှုန်း)အား ကာကွယ်ဆေးပထမအကြိမ် ထိုးနှံပေးပြီးဖြစ် သည်။ ပြည်သူ၄၄၄၆၅၆၅၁ ဦး(နိုင်ငံလူဦးရေ၏၈၆ ဒသမ၆ရာခိုင်နှုန်း)အား ကာကွယ်ဆေး အပြည့်အဝထိုးနှံပေးပြီးဖြစ်သည်။ ထို့ပြင် ပြည်သူ ၃၂၄၈၃၀၉၂ ဦး (နိုင်ငံလူဦးရေ ၏ ၆၃ ဒသမ ၃ ရာခိုင်နှုန်း)သည် ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံမှုခံယူပြီးဖြစ်သည်။

ကိုးကား- ဆင်ဟွာ၊ ဘာသာပြန်- အောင်ကျော်ကျော်