တောင်ကိုရီးယားနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားသူ ၁၇၁၄၅၂ ဦးဖြင့် ကူးစက်မှုစံချိန်တင်

ဖေဖော်ဝါရီ ၂၃

 

တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၇၁၄၅၂ ဦးဖြင့် စံချိန်တင်ကူးစက်မှုဖြစ်ပွားခဲ့ပြီး  ကူးစက်ဖြစ်ပွားသူပေါင်း ၂၃၂၉၁၈၂ ဦးအထိ မြင့်တက်လာကြောင်း ကျန်းမာရေးအာဏာပိုင်များက ယနေ့ပြောကြားသည်။

 

ဖေဖော်ဝါရီ ၁၈ ရက်က ကိုဗစ်ကူးစက်ခံရသူ ၁၀၉၈၂၂ ဦးထက် ကူးစက်သူဦးရေပိုမိုမြင့်မားလာခဲ့သည်ဟု ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးအေဂျင်စီ၏ပြောကြားချက်အရ သိရသည်။

 

ထပ်မံကူးစက်ဖြစ်ပွားသူများအနက် ၄၁၃၈၉ ဦးသည် ဆိုးလ်ဒေသခံများဖြစ်ပြီး ဂျောင်ဂီပြည်နယ်မှ ၅၃၅၂၄ ဦးနှင့် အင်ချွန်မြို့မှ ၁၁၀၆၀ တို့ဖြစ်သည်။

 

ထိုရောဂါကူးစက်ဖြစ်ပွားမှုကြောင့် ၉၉ ဦး သေဆုံးကြောင်း အတည်ပြုခဲ့ပြီးနောက် သေဆုံးသူပေါင်း ၇၆၀၇ ဦးရှိလာသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုခံယူပြီးသူ ၄၄၈၁၉၈၉၇ ဦးရှိပြီး ကာကွယ်ဆေးအပြည့်အဝထိုးနှံမှုခံယူပြီးသူပေါင်း ၄၄၃၁၅၉၀၃ ဦးရှိသည်။ ကိုဗစ်ကာကွယ်ဆေးအပိုဆောင်းထိုးနှံမှုခံယူပြီးသူ ၃၀၇၄၃၃၉၃ ဦးရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို