တောင်ကိုရီးယားနိုင်ငံ၌တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၉၅ ဦး ထပ်မံတွေ့ရှိ

ဇွန် ၂၂

တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၉၅ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူဦးရေ ၁၅၁၉၀၁ ဦးအထိ မြင့်တက်လာသည်။

ပြီးခဲ့သည့်နှစ်ရက်အတွင်း ရောဂါကူးစက်သူဦးရေ ၄၀၀ အောက် လျော့ကျလာသည်။

လွန်ခဲ့သည့် သီတင်းပတ်က နေ့စဉ်ကူးစက်မှု ပျမ်းမျှ ၄၆၅ ဦး ရှိသည်။

ထပ်မံကူးစက်ခံရသူများအနက် ၁၂၆ ဦးမှာ ဆိုးလ်ဒေသခံများဖြစ်ပြီး ၉၂ ဦးမှာမူ ဂျီအွန်ဂီပြည်နယ်တွင် နေထိုင်သူများ ဖြစ်သည်။ ၄၄ ဦးသည် ပြည်ပမှပြန်လာသူများ ဖြစ်သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၂၀၀၆ ဦး အထိရှိသည်။

ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူဦးရေ ၁၄၃၈၁၇ ဦး ရှိလာသည်။

တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုကို ဖေဖော်ဝါရီ ၂၆ ရက်တွင် စတင်လုပ်ဆောင်ခဲ့သည်။

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူ ၄၁၆၇၅၃၃ ဦးရှိပြီး ကာကွယ်ဆေးထိုးနှံပြီးသူပေါင်း ၁၅၀၃၉၉၉၈ ဦး ရှိသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို