တောင်ကိုရီးယားတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေ ၂၈၀ ထပ်မံတွေ့ရှိ

၂၅ ဩဂုတ်

 

 

တောင်ကိုရီးယားနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက် ၂၈၀ ထပ်မံတွေ့ရှိခဲ့ရာ ကူးစက်ခံရသူ စုစုပေါင်း ၁၇၉၄၅ ဦးအထိ မြင့်တက်လာသည်ဟု သိရသည်။

 

 

အဆိုပါရောဂါ နေ့စဉ်ကူးစက်မှု အရေအတွက်မှာ နှစ်ရက်ဆက်တိုက် ၃၀ဝ အောက်တွင် ရှိခဲ့သည်။

 

 

ကူးစက်ခံရသူ အရေအတွက်မှာ ၁၂ ရက်ဆက်တိုက် ကိန်းဂဏန်း သုံးလုံးရှိရာ ဆိုးလ်မြို့နှင့် ၎င်းအနီးဝန်းကျင် ဂျီအွန်ဂီပြည်နယ်တို့တွင် ၁၂ ရက်အတွင်း ကူးစက်ခံရသူ ၃၁၇၅ ဦး အထိရှိကြောင်း အတည်ပြု ဖော်ပြထားသည်။

 

 

ထပ်မံကူးစက်ခံရသူများအနက် ၁၃၄ ဦးမှာ ဆိုးလ်မြို့ဒေသခံများ ဖြစ်ပြီး ၆၃ ဦးမှာ ဂျီအွန်ဂီပြည်နယ်တွင် နေထိုင်သူများဖြစ်သည်။ ကူးစက်ခံရသူ ၁၆ ဦးမှာ ပြည်ပမှ ပြန်ရောက်လာသူများဖြစ်ကာ ၂၇၅၀ ဦး ရှိလာပြီ ဖြစ်သည်။

 

 

ကူးစက်ခံရပြီးနောက် ကျန်းမာရေး ပြန်လည် ကောင်းမွန်လာသဖြင့် သီးခြားကန့်သတ်ထားရာ နေရာမှ ၆၇ ဦး ထပ်မံထွက်ခွာခွင့် ရရှိခဲ့ရာ စုစုပေါင်း ၁၄၂၈၆ ဦး အထိ ရှိလာသည်။ စုစုပေါင်း ကျန်းမာရေး ကောင်းမွန်လာမှုနှုန်း ၇၉ ဒသမ ၆၁ ရာခိုင်နှုန်း ရှိသည်။

 

 

တောင်ကိုရီးယား နိုင်ငံတွင် ဇန်နဝါရီ ၃ ရက်နေ့ ကတည်းက လူပေါင်း ၁ ဒသမ ၈၂ သန်းကျော်ကို စမ်းသပ်စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး ၅၀၃၆၂ ဦးကို စမ်းသပ်စစ်ဆေးမှု လုပ်ဆောင်နေဆဲ ဖြစ်သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို