တောင်ကိုရီးယားတွင်  လူ ၄၃ ဦး ကိုဗစ်-၁၉ ရောဂါထပ်မံ ကူးစက်ခံရ

၃၀ ဇွန်

 

 

တောင်ကိုရီးယားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ထပ်မံ ကူးစက်ခံရသူ ၄၃ ဦး ရှိသည်။

 

 

နိုင်ငံအတွင်း ကူးစက်ခံရသူပေါင်း ၁၂၈၀ဝ အထိ မြင့်တက်လာသည်။

 

 

ပြည်ပပြန်များနှင့် အစုလိုက် အပြုံလိုက် ကူးစက်မှုများကြောင့် မကြာသေးမီ သီတင်းပတ်များအတွင်း အကြမ်းဖျဉ်းအားဖြင့်  နေ့စဉ်ကူးစက်မှု ၃၀ နှင့် ၆၀ အကြားတွင် ရှိသည်။

 

 

ထပ်မံကူးစက် ခံရသူများအနက် ၂၀ ဦး သည် ပြည်ပပြန်များဖြစ်ပြီး ၁၅၈၂ ဦးအထိ မြင့်တက်လာသည်။

 

 

အစုလိုက် အပြုံလိုက် ကူးစက်မှုသည် ဘုရားကျောင်းများစွာမှ ဘာသာရေး စုဝေးပွဲများနှင့် ဆက်စပ်နေသည်ကို တွေ့ရှိနေရဆဲဖြစ်သည်။

 

 

ထပ်မံသေဆုံးမှု မရှိကြောင်း အတည်ပြုထားပြီး သေဆုံးမှု ၂၈၂ ရှိသည်။ စုစုပေါင်း သေဆုံးမှုနှုန်းမှာ ၂ ဒသမ ၂၀ ရာခိုင်နှုန်း ရှိသည်။

 

 

ကူးစက်ခံရမှုမှ ကျန်းမာရေး ပြန်လည် ကောင်းမွန်လာသူပေါင်း ၁၁၅၃၇ ဦး ရှိသည်။ ပြန်လည် ကျန်းမာရေး ကောင်းမွန်လာမှုနှုန်း ၉၀ ဒသမ ၁ ရာခိုင်နှုန်းရှိသည်။

 

 

ဇန်နဝါရီ ၃ ရက်နေ့မှစတင်ကာ လူပေါင်း ၁ ဒသမ ၂၇ သန်းကျော်ကို စမ်းသပ်စစ်ဆေးပြီး ဖြစ်ကြောင်းနှင့် ၂၀၈၀၉ ဦး ကို စမ်းသပ်စစ်ဆေး နေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်- မြင့်မြင့်ချို