တောင်ကျရေကြောင့် ရထားလမ်းများပျက်စီးသဖြင့် ရန်ကုန် - ပုဂံ ရထား အောင်လံဘူတာတွင် ရပ်နားထားရ

အောင်လံ ၂၄   ဩဂုတ် 

ရန်ကုန်မြို့မှ ပုဂံသို့ထွက်ခွာလာသော အမှတ်(၆၁) အဆန်လူစီးအမြန်ရထားသည်     ဩဂုတ် ၂၄ ရက် နံနက် ၂ နာရီ ၁၃ မိနစ်အချိန်တွင် အောင်လံမြို့ အောင်လံဘူတာသို့ ဆိုက်ရောက်လာခဲ့ရာ  ဆင်ပေါင်ဝဲမြို့နယ် ဧကရာဇ်ဘူတာနှင့် လှေဝန်းဘူတာအကြားရှိ ဂွေးချိုကျေးရွာအနီးတွင် တောင်ကျရေများကျသဖြင့် ရထားသံလမ်းများအား ရေတိုက်စားပြီး သံလမ်းများပျက်စီးကာ ရထားဆက်လက်သွားလာနိုင်မှုမရှိသည့်အတွက် ရထားမှာ အောင်လံဘူတာတွင် ရပ်နားထားရသည်။

အဆိုပါရထားပေါ်တွင် နိုင်ငံခြားသား ပြင်သစ်နိုင်ငံသား(၃)ဦးနှင့်အတူ ခရီးသည် (၁၂၀)ဦးခန့် လိုက်ပါစီးနင်းလာခဲ့ရာ ခရီးသည်များအား ကိုးပင်ဘူတာမှ ပုဂံဘူတာသို့ ဆက်လက်ထွက်ခွာနိုင်ရေးအတွက် အောင်လံဘူတာရုံပိုင် ဦးဇော်အောင်မှ ခရီသည်များအား ကိုးပင်ဘူတာသို့  မော်တော်ယာဉ်များဖြင့်  ပို့ဆောင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
         
သိန်းလွင်(အောင်လံ)