တောင်တွင်းကြီးတွင် ဆိုင်ကယ်လိုင်စင်နှင့် ဆိုင်ကယ်ယာဉ်မောင်းလိုင်စင် နေ့ခြင်းပြီး ကွင်းဆင်းဆောင်ရွက်ပေး

တောင်တွင်းကြီး   ၂၇    ဇူလိုင်     


မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ပြည်သူများ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်များ ဆိုင်ကယ်လိုင်စင်များ သက်တမ်းတိုးခြင်း အသစ်ပြုလုပ်ခြင်းများကို ဇူလိုင် ၂၇ ရက်က ပုဏ္ဏဝတီခန်းမတွင် နေ့ခြင်းပြီး ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း မကွေးတိုင်းဒေသကြီး ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန(ကညန) တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


တောင်တွင်းကြီးမြို့နယ်အတွင်း မော်တော်ဆိုင်ကယ် အစီးရေ နှင့် ဆိုင်ကယ် ယာဉ်မောင်းလိုင်စင်ရှိသူ အရေအတွက်သည် ကွာဟနေသည့်အတွက် ရုံးပိတ်ရက်ဖြစ်သည့် စနေနေ့၌ ကွင်းဆင်းကာ လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း ဆိုင်ကယ်စီးရေက တော်တော်များတယ်။ ဒါပေမယ့် စီးတဲ့သူ တော်တော်များများမှာ ယာဉ်မောင်းလိုင်စင်မရှိဘူး။ အဲဒါကြောင့် လိုင်စင်လုပ်ပေးခြင်းဖြစ်ကြောင်း ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်များ ပြုလုပ်ပေးရာတွင် လက်တွေ့ဖြေဆို၍ အောင်မြင်သူများအား နေ့ချင်းပြီး ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်ကို ချက်ချင်းထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


နိုင်ဝင်း(ပြန်/ဆက်)