တေးအယ်လ်ဘမ်သစ်အတွက် ပြင်ဆင်နေတဲ့ ခါအီ

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ အမျိုးသားတေးဂီတအဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ EXO ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ခါအီဟာ လတ်တလောမှာ တေးအယ်လ်ဘမ်သစ်အတွက် ပြင်ဆင်နေပြီး မကြာမီမှာ ပရိသတ်ရှေ့ အရောက် ပြန်လာမှာဖြစ်ကြောင်း စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

အောက်တိုဘာ ၂၆ ရက်မှာ ဒေသတွင်း မီဒီယာတစ်ခုက ခါအီအနေနဲ့ လာမယ့်နိုဝင်ဘာလအတွင်း ပရိသတ်ရှေ့အရောက်ပြန်လာဖို့ရာ စီစဉ်နေကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။ အဆိုပါ သတင်းနဲ့ ပတ်သက်ပြီး အေဂျင်စီက သတင်းမှာ မှန်ကန်ကြောင်း၊ ခါအီအနေနဲ့ တစ်ကိုယ်တော် တေးသီချင်းသစ် တွေ စီစဉ်နေပြီး တစ်ကိုယ်တော်တေးအယ်လ်ဘမ်သစ်ကို လာမယ့်နိုဝင်ဘာလအတွင်း စတင်ထုတ်လွှင့် ပေးဖို့ရာ စီစဉ်နေကြောင်း အတည်ပြုခဲ့ပါတယ်။

အေးပြည့်