တေလာနဲ့ ဆာရာနိုတို့ရဲ့ လက်ဝှေ့ပွဲ နယူးယောက်မြို့၌ ဧပြီ ၃၀ ရက်တွင် ယှဉ်ပြိုင်ထိုးသတ်မည်

အိုင်ယာလန်လက်ဝှေ့မယ် တေလာနဲ့ ကာရစ်ဘီယံကျွန်းစုနိုင်ငံတစ်ခုဖြစ်တဲ့ ပူတိုရီကိုလက်ဝှေ့မယ် ဆာရာနိုတို့ရဲ့ လက်ဝှေ့ပွဲကို ဧပြီ ၃၀ ရက်တွင် နယူးယောက်မြို့ရှိ မက်ဒီဆင်စကွဲဂါးဒင်း၌ ယှဉ်ပြိုင် ထိုးသတ်မှာ ဖြစ်တယ်လို့သိရပါတယ်။ တေလာနဲ့ ဆာရာနိုတို့ဟာ လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး အမျိုးသမီးလက်ဝှေ့မယ်နှစ်ဦးလည်း ဖြစ်ပါတယ်။

အမျိုးသမီးတွေဟာ ၁၉၀၀ ပြည့်နှစ် အစောပိုင်းကာလကတည်းက လက်ဝှေ့ကြိုးဝိုင်းအတွင်းကို ဝင်ရောက်လာခဲ့တာဖြစ်ပေမယ့် ၁၉၉၉ ခုနှစ်ရောက်မှသာ ပရော်ဖက်ရှင်နယ်လက်ဝှေ့မယ်တွေ ပေါ်ထွက်လာခဲ့တာဖြစ်ပြီး တေလာကတော့ လက်ရှိအချိန်အထိ ရှုံးပွဲမရှိစံချိန်ကို ထိန်းထားနိုင်ခဲ့တဲ့ လက်ဝှေ့မယ်တစ်ဦးလည်း ဖြစ်ပါတယ်။

တေလာနဲ့ ဆာရာနိုတို့ရဲ့ လက်ဝှေ့ပွဲကို ယခင်က ၂၀၂၀ ပြည့်နှစ် မေလအတွင်းက ယှဉ်ပြိုင်ထိုးသတ်ဖို့ စီစဉ်ခဲ့ပေမယ့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ယခုနှစ် ဧပြီလမှာ ယှဉ်ပြိုင်ဖို့ ပြောင်းလဲစီစဉ်ခဲ့တာ ဖြစ်တယ် လို့သိရပါတယ်။

ငွေကြယ်