တိုက်စစ်မှူး ဗာဒီ သီတင်းပတ်အနည်းငယ်ကြာ အနားယူရမည်

လက်စတာစီးတီးအသင်းတိုက်စစ်မှူး ဗာဒီဟာ ဒူးဒဏ်ရာရရှိထားတာကြောင့်သီတင်းပတ်အနည်းငယ် ကြာ အနားယူရမှာဖြစ်တယ်လို့ သိရပါတယ်။ အသက် ၃၅ နှစ်အရွယ်ရှိ တိုက်စစ်မှူးဗာဒီဟာ မတ် ၅ ရက်က လက်စတာစီးတီးအသင်းက လိဒ်ယူနိုက်တက်အသင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်မှာ ဒူးဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်နိုင်ငံ လက်ရွေးစင်အသင်းရဲ့ တိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်တဲ့ တိုက်စစ်မှူး ဗာဒီဟာ အခု ဒူးဒဏ်ရာမရရှိမီက တံကောက်ကြောဒဏ်ရာရရှိခဲ့လို့ နှစ်လကျော်ကြာ လက်စတာစီးတီးအသင်းနဲ့အတူ ပွဲထွက်ကစားနိုင်ခဲ့ခြင်းမရှိဘဲ အရန်ခုံမှာပဲ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

ဒါပေမဲ့ တိုက်စစ်မှူးဗာဒီဟာ အခုဘောလုံးရာသီအတွင်း ပါဝင်ကစားခွင့်ရရှိခဲ့တဲ့ ပွဲစဉ်စုစုပေါင်း ၂၄ ပွဲမှာ သွင်းဂိုးစုစုပေါင်း ၁၂ ဂိုးအထိ လက်စတာစီးတီးအသင်းအတွက် သွင်းယူပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ငွေကြယ်