တိုကျိုမြို့မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှင့် ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန် နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံမည်

၂၉ စက်တင်ဘာ

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုနဲ့ ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန် နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံမယ်လို့ ဂျပန်နိုင်ငံက ဒီကနေ့ ကြေညာပါတယ်။

နိုင်ငံလေးနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး ထိန်းချုပ်ရေးနဲ့ နိုင်ငံလေးနိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်ရေး ခိုင်မြဲလာစေရန်အတွက် လာမယ့် သီတင်းပတ်မှာ မျက်နှာချင်းဆိုင် တွေ့ဆုံကြမှာ ဖြစ်ပါတယ်။

အခုနှစ်ပိုင်းတွေအတွင်းမှာ ဖွဲ့စည်းထားတဲ့ အမေရိကန်၊ ဩစတြေးလျ၊ အိန္ဒိယနဲ့ ဂျပန်နိုင်ငံတို့ ပါဝင်တဲ့  Quad အဖွဲ့ဟာ တရုတ်နိုင်ငံကို တန်ပြန်နိုင်ရေးနဲ့ အင်ဒိုပစိဖိတ်ဒေသအတွင်း လွတ်လပ်ပွင့်လင်းတဲ့ အမြင်ကို လူသိများအောင် လုပ်ဆောင်ရေးအတွက် လုပ်ဆောင်နေတာဖြစ်ပါတယ်။

Quad အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေဟာ အောက်တိုဘာ ၆ ရက်နေ့မှာ တွေ့ဆုံမှာဖြစ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ပိုးကို ဘယ်လိုကိုင်တွယ်သွားမလဲဆိုတဲ့ အတွေ့အကြုံတွေ ဖလှယ်ရေးနဲ့ ဒေသတွင်းကိစ္စတွေကို ဆွေးနွေးသွားမှာဖြစ်ကြောင်း ဂျပန်နိုင်ငံက ပြောပါတယ်။

ဝန်ကြီးချုပ်သစ် ဆူဂါလက်ထက်မှာ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ပထမဆုံး လက်ခံကျင်းပတာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး ထိန်းချုပ်ရန်အတွက် ပိတ်ထားခဲ့တဲ့ နယ်စပ်ဂိတ်တွေကို နိုင်ငံတကာကနေ စီးပွားရေးကိစ္စနဲ့ လာရောက်မယ့်သူတွေအတွက် တဖြည်းဖြည်းခြင်း ဖွင့်ပေးနေပြီး နောက်နှစ်မှာ ကျင်းပဖို့ ရွှေ့ဆိုင်းထားတဲ့ အိုလံပစ်ပြိုင်ပွဲကိုလည်း ပြင်ဆင်နေပြီဖြစ်ပါတယ်။

MDN

ကိုးကား- AFP