တိုင်းဒေသကြီးနှင့် ပြည်နယ် ဂေါက်သီးရိုက်ပြိုင်ပွဲ စတင်ကျင်းပ

ရန်ကုန်  ၆  ဖေဖော်ဝါရီ

 

၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဂေါက်သီးရိုက်ပြိုင်ပွဲကို ဖေဖေါ်ဝါရီ ၅ ရက် နံနက်က ရန်ကုန်တိုင်းဒေသကြီး (၉)မိုင်ရှိ မြန်မာဂေါက်ကလပ်၌ စတင်ကျင်းပခဲ့သည်။

 

အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ် ဂေါက်သီးရိုက်ပြိုင်ပွဲတွင် တစ်ဦးချင်း(အကျောမဲ့) ကျား/မ ပြိုင်ပွဲ၊ တစ်ဦးချင်း (အကျောပေး) ကျား/မ ပြိုင်ပွဲ၊ အသင်းလိုက်(အကျောမဲ့) ကျား/မ ပြိုင်ပွဲနှင့် အသင်းလိုက် (အကျောပေး) ကျား/မ ပြိုင်ပွဲများ ကျင်းပသွားမှာဖြစ်ပြီး ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး အသင်းနှင့် နေပြည်တော်အသင်းတို့မှလွဲ၍ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီး (၁၁)သင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲကို ဖေဖေါ်ဝါရီ ၈ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

အာကာစိုး