တိုင်းဒေသကြီးနှင့် ပြည်နယ် ခရစ်ကတ်အားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိခဲ့သော အောင်ပွဲရ ရခိုင်ပြည်နယ် ခရစ်ကတ် အားကစားအဖွဲ့အား ဂုဏ်ပြု

စစ်တွေ  ၂၈  နိုဝင်ဘာ

၂၀၁၉ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ခရစ်ကတ်အားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိခဲ့ သော အောင်ပွဲရ ရခိုင်ပြည်နယ် ခရစ်ကတ်အားကစားအဖွဲ့အားဂုဏ်ပြုသည့် အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ(၁) ၌ ကျင်းပသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ဂုဏ်ပြုအမှာစကားပြောကြားပြီး ခရစ်ကတ် အားကစားအဖွဲ့ အသင်းအုပ်ချုပ်သူ ဒေါ်ချစ်စုခိုင်က ပြိုင်ပွဲအတွေ့ အကြုံအား ရှင်းလင်း တင်ပြသည်။

ထို့နောက် အသင်းအုပ်ချုပ်သူ ဒေါ်ချစ်စုခိုင် က တံခွန်စိုက်ဆုဖလားအား ပြည်နယ်ဝန်ကြီးချုပ် ထံ ပေးအပ်သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရရှိခဲ့သော အမျိုးသား အသင်းအား ဂုဏ်ပြုဆုငွေကျပ် သိန်း(၂၀) ကိုလည်းကောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ   ချမ်းသာက ဒုတိယဆုရရှိခဲ့သော အမျိုးသမီး အသင်းအား ဂုဏ်ပြုဆုငွေ ကျပ်(၁၀) သိန်းကိုလည်း ကောင်း ပေးအပ်ချီးမြှင့်သည်။

အဆိုပါ အားကစားပြိုင်ပွဲကို နိုဝင်ဘာ ၂၁ ရက်မှ ၂၆ ရက်အထိနေပြည်တော်၌ကျင်းပခဲ့ရာ ရခိုင်ပြည်နယ် ခရစ်ကတ်အားကစားအသင်း(အမျိုးသား) အနေဖြင့် အုပ်စုတွင်းပွဲစဉ်များတွင် မန္တလေး၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး အသင်းတို့ကိုလည်းကောင်း၊ ကွာတားဖိုင်နယ်အဆင့်တွင် မကွေးအသင်းကိုလည်းကောင်း၊ အကြိုဗိုလ်လုပွဲစဉ်တွင် လက်ရှိချန်ပီယံဟောင်း ကယားပြည်နယ် အသင်းကိုလည်းကောင်း၊ ဗိုလ်လုပွဲစဉ်တွင် ရန်ကုန်တိုင်းဒေသကြီး အသင်းကိုလည်းကောင်း ကျော်ဖြတ်ကာ ပထမဆုကိုရရှိခဲ့ခြင်းဖြစ်သည်။

အလားတူ ရခိုင်ပြည်နယ် ခရစ်ကတ်အားကစားအသင်း(အမျိုးသမီး) အနေဖြင့် အုပ်စုတွင်း ပွဲစဉ်များတွင် ရှမ်း၊ ဧရာဝတီ၊ နေပြည်တော်၊ ကယား၊ မန္တလေး စသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသင်းတို့ကိုလည်းကောင်း၊ အကြိုဗိုလ်လုပွဲစဉ်တွင် မကွေးတိုင်းဒေသကြီးအသင်းကိုလည်းကောင်း ရင်ဆိုင်ကျော်ဖြတ်ခဲ့ပြီး ဗိုလ်လုပွဲစဉ်တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းကို ရှုံးနိမ့်ခဲ့သဖြင့် ဒုတိယဆု သာရရှိခဲ့ခြင်းဖြစ်သည်။

 

DSC_3457

 

ခိုင်ပြည်နယ် ခရစ်ကတ်အားကစားအသင်း(အမျိုးသား)အနေဖြင့် ၂၀၁၇ခုနှစ်တွင် ပထမ၊ ၂၀၁၈ ခုနှစ်တွင် တတိယဆုတို့ကိုလည်းကောင်း ၊ အမျိုးသမီးအသင်းအနေဖြင့် ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တို့တွင် ပထမဆုကိုလည်းကောင်း နှစ်နှစ်ဆက်ရရှိခဲ့ကြောင်းသိရသည်။

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဇင်ဦး(မြန်မာ့အလင်း)