တိုင်းဒေသကြီးနှင့်ပြည်နယ်(၄)ခုတို့တွင် သစ်များဖမ်းဆီးရမိ

နေပြည်တော်  ၁၃  ဒီဇင်ဘာ 

 

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် - CMRS ဖြင့် သတင်းပေးပို့ချက်အရ ဒီဇင်ဘာ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ ပါဝင်သောပူးပေါင်းအဖွဲ့သည် တရားမဝင်သစ်များ ဖမ်းဆီးလျက်ရှိသည်။

 

ထိုသို့ဖမ်းဆီးခဲ့ရာ  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ မန္တလေး-လားရှိုးကားလမ်းမကြီး မိုင်တိုင်အမှတ် (၁၆၇/၅)၏ အနောက်ဘက်(၄)မိုင်ခန့်အကွာ၊ နောင်ဖော့ ကျေးရွာဘုန်းကြီးကျောင်းဝန်းအတွင်း ယာဉ် (၂)စီးပေါ်မှ တရားမဝင် ပိတောက်ခွဲသား/ တမလန်း ဓါးရွေ (၉ဒသမ၈၃၅၀) တန်၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးဝမြို့နယ် မဟာမြိုင် ကြိုးဝိုင်းအတွင်းမှ တရားမဝင် ကျွန်းခွဲသား (၁၃ဒသမ၃၅၇၂)တန် ၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ကုန်းဇောင်းကျေးရွာအနောက်တောင်ဘက် (၁)မိုင်ခန့် အကွာ၊ မုန်းချောင်းဘေးမှ တရားမဝင် နဘဲ/ဒဟတ်/ဒီဒူး ခွဲသား (၅ဒသမ၁၄၈၀)တန် ၊ ကယား ပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်၊ နမ့်ပွန်ချောင်းအရှေ့ဘက်မှ တရားမဝင် ပိတောက် သစ်/ ခွဲသား (၁၀၆ဒသမ၉၃၆၂)တန် တို့အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။

 

4

 

ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေ မြို့နယ်၊ စစ်ကိုင်း-မန္တလေး ကမ်းနားလမ်းဘေးမှ တရားမဝင် အင်/ထောက်ကြံ့/သစ်စေး/နဘဲ/တရော်/ဖန်ခါးမျော စုစုပေါင်း (၄၁၈၈)လုံးတို့နှင့်အတူ ပြစ်မှုကျူးလွန်သူ ၁၁ ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။ 

 

ညီညီသန်း (နေပြည်တော်)