နေပြည်တော် ၂၁ မတ်
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်း ထုတ်လွှင့် မှုကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁ ရက်မှ ၂၀၁၈ ခုနှစ် မတ်လ ၃၁ ရက်အထိ နေ့စဉ် နံနက် ၆ နာရီမှ စပြီး ကယား၊ စကောကရင်၊ အနောက်ပိုးကရင်၊ အရှေ့ပိုးကရင်၊ ချင်း (လိုင်ဇိုး) ၊ ချင်း(ချိုး) ၊ မွန်၊ရခိုင်၊ ရှမ်း၊ “၀” ၊ ကချင် ဘာသာ အစီအစဉ်များကို ည ၁၁ နာရီအထိ ထုတ်လွှင့်လျက်ရှိသည်။
ယခု NRC ရုပ်သံလိုင်း ထုတ်လွှင့်ချိန် ပြောင်းလဲထုတ်လွှင့်မှုကို ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်မှ စပြီး ဇူလိုင်လ ၃၁ ရက်အထိ နေ့စဉ် နံနက် ၆ နာရီမှ ၇ နာရီအထိ စကောကရင်ဘာသာ အစီအစဉ်၊ နံနက် ၇ နာရီမှ ၈ နာရီအထိ အနောက်ပိုး ကရင်ဘာသာအစီအစဉ် ၊နံနက် ၈ နာရီမှ ၉ နာရအထိ အရှေ့ပိုး ကရင်ဘာသာ အစီအစဉ်၊ နံနက် ၉ နာရီမှ ၁၀ နာရီအထိ ချင်း (လိုင်ဇိုး) ဘာသာအစီအစဉ်၊ နံနက် ၁၀ နာရီမှ ၁၁ နာရီအထိ ချင်း(ချိုး) ဘာသာအစီအစဉ်၊ နံနက် ၁၁ နာရီမှ မွန်းလွဲ ၁ နာရီအထိ မွန်ဘာသာ အစီအစဉ်၊ မွန်းလွဲ ၁ နာရီ ၃နာရီ အထိ ရခိုင်ဘာသာ အစီအစဉ် ၊ မွန်းလွဲ ၃ နာရီမှ ညနေ ၅ နာရီအထိ ရှမ်းဘာသာ အစီအစဉ်၊ ညနေ ၅ နာရီမှ ည ၇ နာရီအထိ “၀” ဘာသာအစီအစဉ်၊ ည ၇ နာရီမှ ၉ နာရီ အထိ ကချင်ဘာသာ အစီအစဉ် ၊ ည ၉ နာရီမှ ၁၁ နာရီအထိ ကယား ဘာသာ အစီ အစဉ် တို့ကို ဘာသာအလိုက် အချိန်ပြောင်းလဲ ထုတ်လွှင့်သွား မည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)