တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့ဝင် ၂၂၄ ဦး ပြည်ထောင်စုလွှတ်တော်သို့ လာရောက်လေ့လာ

နေပြည်တော် ၆ ဖေဖော်ဝါရီ

 

(၇၁)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ရန် နေပြည်တော်သို့ ရောက်ရှိနေသည့် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့မှ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့ဝင် ၂၂၄ ဦးသည် ယနေ့ မွန်းလွဲပိုင်းက ပြည်ထောင်စုလွှတ်တော်သို့ လာရောက်လေ့လာခဲ့ကြသည်။

 

အဆိုပါ လေလာ့ရေးအဖွဲ့အား ပြည်ထာင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ လုပ်ငန်းတာဝန်များအား ရှင်းလင်းပြောကြား၍ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကာ လွှတ်တော်အဆောက်အအုံများသို့ လိုက်လံရှင်းလင်း ပြသခဲ့ကြကြောင်း သိရသည်။

 

MDN