တိုင်းရင်းသားဒေသများတွင် အခြေခံလိုအပ်ချက်များဖြည့်ဆည်းပေးနိုင်မှသာ တိုင်းရင်းသားတို့၏ လူမှုဘဝများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးလာမည်ဖြစ်

နေပြည်တော် ၁၉ ဇန်နဝါရီ

 

တိုင်းရင်းသားရေးရာလူမျိုးများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုဖိုရမ်ကို ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပခဲ့ရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာ စကား ပြောကြားသည်။

 

 

 

 

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အမှာစကားပြောကြားရာတွင် တိုင်းရင်းသားအများစုနေထိုင်သည့် တောင်တန်းဒေ သများသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး တစ်နေရာနှင့် တစ်နေရာ လွယ်ကူစွာသွားလာနိုင်ရန် အခက်အခဲများရှိနေ သေးသဖြင့် စီးပွားရေးလုပ်ငန်းများလုပ်ဆောင်ရန် အခြေအနေဖန်တီးခွင့်နည်းပါကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားပြည် သူများအနေဖြင့် ဝိုင်းဝန်းအဖြေရှာရန် လိုအပ်မည်ဖြစ်ကြောင်း၊

 

 

 

 

မတူ ကွဲပြားမှုများ ရှိသော်လည်း စုစည်းတည်ဆောက်၍ ရပါကြောင်း၊ အဓိကအရေးကြီးသည်မှာ ငြိမ်းချမ်းရန်ပင် ဖြစ်ပါ ကြောင်း၊ ငြိမ်းချမ်းမှုရှိပြီး ကောင်းမွန်သည့် အုပ်ချုပ်စီမံမှု၊ လမ်းညွှန်မှုများနှင့် မျှမျှတတဆောင်ရွက်လျှင် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

 

 

 

 

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ ပေးပို့သည့် သဝဏ်လွှာကို  မွန်ပြည်နယ် ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဒေါ်စံဝင့်ခိုင်ကဖတ်ကြားသည်။

 

ယင်းနောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က  စီးပွားရေး လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နယ်မြေတည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှု ရှိမှသာ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ တိုင်းရင်းသား ဒေသများရှိ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်မှသာ တိုင်းရင်းသားတို့၏ လူမှုစီးပွား ဘဝများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်း၍ မှတ်တမ်း တင်ဓာတ်ပုံရိုက်ကြပြီး  ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ပါမောက္ခဒေါက်တာ အောင်ထွန်းသက်က တိုင်းရင်းသားလူမျိုးတို့၏ စီးပွားရေးဆိုင်ရာ အချက်အလက်များ စာတမ်းနှင့် တိုင်းရင်းသား သယံဇာတ ခွဲဝေအသုံးချမှု စာတမ်းကို လည်းကောင်း၊ Burma News Internationalမှ အမှုဆောင်ဒါရိုက်တာ ဦးသန်းမြင့်က ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားမီဒီယာ စာတမ်းကိုလည်းကောင်း ဖတ်ကြားကြပြီး အဆိုပါစာတမ်းများကို သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက ဝိုင်းဝန်း ဆွေးနွေးကြသည်။

 

အဆိုပါဖိုရမ်ကို ဇန်နဝါရီ ၁၉ ရက်တွင်လည်း ဆက်လက်ကျင်းပလျက်ရှိကြောင်း သိရသည်။

 

MDN