တိုင်းရင်းသူအမျိုးသမီးများအတွက် အိမ်တွင်းမှုနှင့် အဆင့်မြင့်စက်ချုပ်သင်တန်းဖွင့်

တီးတိန် ၅  ဇွန်   

 

တိုင်းရင်းသူအမျိုးသမီးများ ဘဝရပ်တည်နိုင်ရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနအမျိုးသမီးအိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း(တီးတိန်) မှ ကြီးမှူးဖွင့်လှစ်သည့်  အခြေခံအိမ်တွင်းမှု သင်တန်းအမှတ်စဉ်(၄၄)နှင့် အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ်(၃၈) သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇွန်၄ ရက် နံနက် ၉ နာရီက ချင်းပြည်နယ် တီးတိန်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းရှိသင်တန်းခန်းမ၌ကျင်းပပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဌဦးဂိုဆွင်းခိုင်က သင်တန်းဖွင့်အမှာစကားပြောကြားသည်။

 

အဆိုပါသင်တန်းကို နယ်စပ်ဒေသရှိတိုင်းရင်းသူအမျိုးသမီးများ အသိပညာ၊အတတ်ပညာနှင့် မှန်ကန်သော အတွေးအခေါ်များရရှိစေရန်၊ ကိုယ်ပိုင်အတတ်ပညာဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိပြီး မိမိဘဝရပ်တည်နိုင်ကြစေရန် ရည်ရွယ်၍ဖွင့်လှစ်ခြင်းဖြစ်ကြောင်းသိရသည်။

 

သင်တန်းတွင် တီးတိန်မြို့နယ်၊ တွန်းဇံမြို့နယ်နှင့် ကျီခါးမြို့များမှအခြေခံအိမ်တွင်းမှုသင်တန်းသူနှင့် အဆင့်မြင့်စက်ချုပ်သင်တန်းသူစုစုပေါင်း ၆၀ ဦတို့တက်ရောက်ပညာသင်ကြားခဲ့ကြမည်ဖြစ်ရာ သင်တန်းကာလမှာ သုံးလကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

 

နေစု(ချင်းရိုးမ)