တက်ဆင် ကို ထောက်ခံသူတွေတချို့က နာမည်အသစ်နဲ့ပါတီတည်ထောင်

၈ နိုဝင်ဘာ

 

ထိုင်းဝန်ကြီးချုပ်ဟောင်း တက်ဆင် ရှင်နာဝပ်ထရာ ကို ထောက်ခံတဲ့ သူတွေနဲ့ မိသားစုဝင်တွေ ဦးဆောင်တဲ့ ပါတီအသစ်ရဲ့ ခေါင်းဆောင်ကို ဗုဒ္ဓဟူးနေ့က ရွေးချယ်လိုက်ကြောင်း သိရပါတယ်။ 

 

ထိုင်းနိုင်ငံရေးကို အငြင်းပွားမှုတွေ ဖြစ်စေနိုင်တဲ့ ရှင်နာဝပ်ထရာ မိသားစုဟာ ထိုင်းနိုင်ငံရေးမှာ သြဇာအရှိန်အဝါ နေရာယူထားတာ အချိန်ကြာမြှင့်နေပြီ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟောင်းလည်းဖြစ် ဘီလီယံနာလည်းဖြစ်တဲ့ တက်ဆင်ကို ၂၀ဝ၆ ခုနှစ်က စစ်တပ်က အာဏာသိမ်းယူပြီး ဖြုတ်ချခဲ့ပါတယ်။ ဒါပေမယ့်လည်း တက်ဆင်ကို အားပေးထောက်ခံတဲ့ ပါတီတွေရဲ့ အားပေးမှုနဲ့ တက်ဆင်ရဲ့ အောင်မြင်မှုဟာ ၂၀ဝ၁ ခုနှစ် ကတည်းက စတင်ခဲ့တာ ဖြစ်ပါတယ်။ 

 

ဖူရက်ထိုင်းပါတီကို ခေါင်းဆောင်တဲ့ တက်ဆင်ရဲ့ ညီမတော်စပ်သူ ဝန်ကြီးချုပ်ဟောင်း ရင်လတ် ကိုလည်း ၂၀၁၄ ခုနှစ်က စစ်တပ်က အာဏာသိမ်းပြီး ဖြုတ်ချခဲ့ပါတယ်။ 

 

အခုထွက်ပေါ်လာတဲ့ ပါတီအသစ် ထိုင်းရက်ဆာချက် ဟာ ဖူရက်ထိုင်းပါတီရဲ့ တံဆိပ်နဲ့ ဆင်တူရိုးမှားရှိသလို ဖူရက် ထိုင်းပါတီရဲ့ ထောက်ခံမှု အားပေးမှုကိုလည်း ရရှိထားပြီးဖြစ်ပါတယ်။ 

 

ပါတီအသစ်ဖြစ်တဲ့ ထိုင်းရက်ဆာချက် ရဲ့ခေါင်းဆောင်ဟာ ဝန်ကြီးချုပ်ဟောင်း ရင်လတ်ရဲ့ အစိုးရအဖွဲ့မှာ ပါဝင်ခဲ့ဖူးသူ ပီချာပိုပေါင်ပန်နစ် ဖြစ်ပြီး ဒုတိယခေါင်ဆောင်က တက်ဆင်ရဲ့တူဖြစ်သူ ယူးပေါ့ ရှင်နာဝပ်ထရာ ဖြစ်ပါတယ်။ နောက်ထပ် ပါတီဝင်တစ်ဦးကတော့ ရင်လတ်ရဲ့ တူမတော်စပ်သူ ချာရိကာ ဝေါင်နာပါချန့် ဖြစ်ပါတယ်။ 

 

MDN
ကိုးကား- AFP

ာိည