တမူး၊ ရေးနှင့် သံဖြူဇရပ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ဒီဇင်ဘာ ၁၇

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၅ ရက် ညနေ ၄နာရီခွဲတွင် တမူးမြို့၊ မြို့မ(၁၂-က)ရပ်ကွက်၊ အောင်ချမ်းသာလမ်းတွင် ကျော်ဆွေကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၄၀၀ ကိုလည်းကောင်း။

 

ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲ ၁နာရီတွင် ခေါဇာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေးမြို့နယ်၊ ခေါဇာမြို့၊ ကိုးမိုင်ကျေးရွာအုပ်စု၊ ကိုးမိုင်ကျေးရွာအနီး၊ ရော်ဘာခြံရှိ အောင်မြင့်စိုး(ခ)အထူး၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၅,၈၃၂ ပြား၊ လက်လုပ်ဂက်စ် သေနတ် ၁ လက်၊ တူမီးသေနတ် ၁ လက်၊ ခဲသီး ၈၅ လုံး၊ နေအိမ်ခြံဝင်းအတွင်းရှိ ဘိန်းစာပင် ၆ ပင်မှ ဘိန်းစာရွက် သုည ဒသ ၀၈ ကီလို ကိုလည်းကောင်း၊ ထိုနေ့ မွန်းလွဲ ၃ နာရီတွင် သံဖြူဇရပ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သံဖြူဇရပ်မြို့နယ်၊ စခန်းကြီး ကျေးရွာအုပ်စု၊ ရဲတံခွန်ကျေးရွာအနီးတွင် ဇင်မောင်မောင် (ခ)အရှည် ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁,၅၅၀ ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေး ဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)