တန့်ဆည်၊ ကနီနှင့် အင်္ဂပူမြို့နယ်တို့အတွင်းမှ တရားမဝင်သစ်များ သိမ်းဆည်းရမိ

နေပြည်တော် ၂၀ သြဂုတ်

သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများရှာဖွေ ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့ စနစ်အပါအဝင် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၆ ရက်မှ ၁၂ ရက်အထိ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် တန့်ဆည်မြို့နယ် တန့်ဆည်-အင်္ကုက္ကားလမ်း၊ သရီးကရောင်း(၆)ဘီး ယာဉ်တစ်စီးပေါ်မှ တမလန်းခွဲသား ဆိုဒ်စုံ (၁ ဒသမ ၅၃၆၀)တန်နှင့်အတူ ပြစ်မှုကျူးလွန်သူတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

444

 

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ/ယင်းမာပင်ခရိုင် ကနီမြို့နယ် မုဌောကျေးရွာ အောက်ဘက် ချင်းတွင်းမြစ်ကမ်းဘေးမှ စက်လှေတစ်စီးနှင့်အတူ ဖောင်(၄)ဖောင်ပေါ်မှ ကျွန်း၊ အင်ခွဲသား ခန့်မှန်း(၃၃)တန်ခန့်နှင့် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် အင်္ဂပူမြို့နယ် ကျွဲသောင်ကျေးရွာအုပ်စု၊ ဇီးဖြူကုန်းကျေးရွာ အနောက်ဘက်မှ ပျဉ်းကတိုး၊ ဇင်ပြွန်း၊ ဖက်ဝန်း၊ သစ်ကတိုးခွဲသား (၁၇ ဒသမ ၈၆၉၆)တန် အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူနှင့် ဆက်စပ်ပတ်သောသူများကို စုံစမ်းရှာဖွေ ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

မောင်လူမော်

 

5