တနိုင်းမြို့၌ မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် ဈေးဆိုင်(၃)ဆိုင်နှင့် နေအိမ်(၁)လုံး မီးလောင်ဆုံးရှုံး

တနိုင်း ၉ မတ်

 

တနိုင်းမြို့၊ ဟူးကောင်းရပ်ကွက်၊ လီဒိုလမ်းမကြီးဘေးတွင် မတ် ၈ ရက် ည ၁ဝ နာရီခွဲခန့်က မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ ဈေးဆိုင် (၃)ဆိုင်နှင့် နေအိမ် (၁)လုံး မီးလောင်မှု ဆုံးရှုံးသွားကြောင်း သိရသည်။

 

မီးလောင်ရာသို့ တနိုင်းမြို့နယ် မီးသတ်စခန်းမှ ဒုတိယ မီးသတ်ဉီးစီးမှူးဉီးဆောင်၍ သန္ဓေ(၁၅)ဉီး၊ အရန် (၁၀)ဉီး၊ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ် (၁)စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ည ၁၁ နာရီခွဲခန့်တွင် မီးငြိမ်းသွားခဲ့သည်။

 

1

 

ဖြစ်စဉ်မှာ အောင်မျိုးဝင်းပိုင်ဆိုင်သော "တက်နေဝင်း" ဆိုင်ကယ်ပြုပြင်ရေးနှင့် အပိုပစ္စည်း ရောင်းဝယ်ရေးဆိုင် နောက်ဖေးရှိ မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် အနီးရှိထရံသို့ မီးကူးစက် လောင်ကျွမ်းခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် အောင်မျိုးဝင်း ပိုင်ဆိုင်သော (၁၅ x ၂၀)ပေ သွပ်မိုးထရံကာ ပျဉ်ခင်း၊ "တက်နေဝင်း" ဆိုင်ကယ်ပြုပြင်ရေးနှင့် အပိုပစ္စည်းရောင်းဝယ်ရေးဆိုင်၊ "ရွှေနဒီ"ကွမ်းယာဆိုင် (၁၀ x ၂၀)ပေ သွပ်မိုး၊ ထရံကာပျဉ်ခင်း၊ ဉီးဇော်ရမ် ပိုင်ဆိုင်သော (၂၀ x ၂၀)ပေ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း၊ "ဒူးဝါးကြီး"ကုန်မာဆိုင်နှင့် ၎င်းနှင့်တစ်ခြံတည်းရှိ ဒေါ်တင်တင်လုအောန် ပိုင်ဆိုင်သော (၂၀ x ၂၀)ပေ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ခင်း (၂)ထပ်နေအိမ်တို့ မီးလောင်ဆုံးရှုံးခဲ့သည်။

 

အဆိုပါမီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ မီးပေါ့ဆစွာ သုံးစွဲသူအား သက်ဆိုင်ရာ နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

စိုင်းထင်ကျော်(ပြန်/ဆက်)