တနိုင်းမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်‌ထောင်စု ၇၇၅၄ စုအား တစ်အိမ်ထောင်စုလျှင် ငွေကျပ် ၂၀၀၀၀ စီ ထပ်မံထောက်ပံ့‌ပေးအပ်

တနိုင်း ၂၇ စက်တင်ဘာ                                       

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၇၇၅၄ စုတို့အတွက် နိုင်ငံတော်မှ တတိယအကြိမ်မြောက် အနေဖြင့် တစ်အိမ်ထောင်စုလျှင် ငွေကျပ် ၂၀၀၀၀ စီကို ယနေ့နံနက် ၇ နာရီမှစ၍ ထောက်ပံ့‌ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ရာအိမ်မှူးများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များ ဆင်မ်ဆာ့ရပ်ကွက်၊ ဟူးကောင်းရပ်ကွက်၊ ဒူးကောင်းရပ်ကွက်၊ မုန်ဒိန်ရပ်ကွက်၊ ပုန်ခုန်းရပ်ကွက်၊ ဆွတ်ငိုင်ရပ်ကွက်၊ ကင်ဆားရာရပ်ကွက်၊ တနိုင်းမြို့နယ်အတွင်းရှိ တိန်ကောက်ကျေးရွာ၊ နမ်ဖျက်ယန်ကျေးရွာ၊ ကောင်ရာကျေးရွာ၊ မကောကျေးရွာ၊ ရှင်လုံဂါးကျေးရွာ၊ မိုင်းခွန်ကျေးရွာ၊ ခလုံးကျေးရွာ၊ တရုံကျေးရွာ၊ ရှင်ဗွေယန်မြို့ပေါ်ရပ်ကွက် ရပ်ကွက်(၁)၊ ရပ်ကွက်(၂)၊ ရပ်ကွက်(၃)နှင့် ရပ်ကွက်(၄)ရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု ၇၇၅၄ စုအတွက် တစ်စုလျှင်ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၁၅၅၀၈၀၀၀၀ အား ပြည်သူများထံသို့ လက်ဝယ်အရောက်‌ အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်းနှင့် တချို့ ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် ထောက်ပံ့ပေးအပ်ရန် ကျန်ရှိနေသော အိမ်ထောင်စုများအား စက်တင်ဘာ ၂၈ ရက်‌တွင် ပြည်သူများလက်ဝယ်အရောက် ဆက်လက်ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝါဝါ(ပြန်/ဆက်)