တနင်္သာရီမြစ်ရေအန္တရာယ်ရေအမှတ်အောက် ပြန်လျော့ကျသဖြင့် အမက- ချောင်းငယ်ကျောင်းအတွင်း သန့်ရှင်းရေးလုပ်ငန်း စုပေါင်းဆောင်ရွက်

တနင်္သာရီ   ၁၅   သြဂုတ်

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေသည်  သြဂုတ် (၆ ရက် နံနက်ပိုင်းမှစပြီး သြဂုတ် (၁၂) ရက်နေ့ညနေအထိ (၂၆ ပေ ၆ လက်မ) အထိ အန္တရာယ်ရေအမှတ် (၂၄) ပေထက် (၂ပေနှင့်၆လက်မ) ပိုမိုကျော်လွန်၍ ယခုနှစ် (၂ဝ၁၉) တွင်အမြင့်ဆုံးရောက် ရှိခဲ့သည်။

 

သြဂုတ် ၁၃ ရက်မှစပြီး တဖြည်းဖြည်း ပြန်လည်လျော့ကျလာရာ ယနေ့သြဂုတ် ၁၅ ရက်နံနက် ၆ နာရီတွင်(၂၂ ပေ ၈လက်မ) အထိ ပြန်ကျလာသည်။ ယင်းသို့ ရေပြန်ကျလာပြီး ကျောင်းသွားလမ်းလည်း ပြန်လည်သွားနိုင်မည် ဖြစ်သဖြင့် အ.မ.ကချောင်းငယ် ကျောင်းဆောင်အတွင်း/အပြင်နှင့် ပတ်ဝန်းကျင်ရေမြောင်းများအတွင်းရှိ အမှိုက်သရိုက်များကို သြဂုတ် ၁၅ ရက် နံနက် ၇ နာရီအချိန်မှစပြီး စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ယင်းသို့ဆောင်ရွက်ရာတွင် အမှတ်(၅၅)ခြေမြန်တပ်ရင်းမှ ဗိုလ်မှူး ညီညီအောင်သွေး ဦးဆောင်သော တပ်မတော်သားများ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးမျိုးမျိုးနိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက  ဂါလန် ၁၂ဝဝ ဆံ့ မီးသတ်ရေသယ်ယာဉ်ဖြင့် ကျောင်းပြန်လည်ဖွင့်လှစ် သင်ကြားနိုင်ရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးကြခြင်း ဖြစ်သည်။

 

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)