တနင်္သာရီမြစ်ရေကြီးမှုကြောင့် ယာယီပိတ်ထားခဲ့ရသည့်ကျောင်း ၃၀ အထိ ရှိလာ

တနင်္သာရီ ၁၉ ဇူလိုင်

 

မိုးအဆက်မပြတ်ဆက်တိုက်ရွာသွန်းနေမှုကြောင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် မြစ်ရေသည်စိုးရိမ်ရေအမှတ်(၁၇)ပေထက် ကျော်လွန်ပြီး ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ၂၄ ပေ ၃ လက်မ အထိသို့ရောက်ရှိနေသဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၈)ကျောင်းကို ထပ်မံ၍ ယာယီပိတ်ထားလိုက်ရသဖြင့် မြို့နယ်အတွင်း ပိတ်ထားရသည့်ကျောင်း ၃၀ ရှိကြောင်း မြို့နယ်ပညာဌာနမှ သိရသည်။

 

 

အဆိုပါအခြေခံပညာကျောင်းများမှာ  ၁။ အထထ (ခွဲ)သိန္ဒော။ ၄၇၅ ဦး၊ ၂အလက တောင်ဘိန်း ၃၇၃ ဦး၊ ၃။ မူလွန်ဘန်းပြည့်အနောက် ။၂၂၉ ဦး၊ ၄။  အမက သူဌေးအနောက် ။၆၄ ဦး၊ ၅။ အမက ဘန်းပြည့်အရှေ့= ၇၂ ဦး၊ ၆။ အမက ချောင်းငယ် ။ ၁၆၇ ဦး၊၇။ အထက- ဇဝဲရွာ  ။  ၅၇၁ ဦး၊၈။ အထက(ခွဲ) လယ်သစ်(န) ၅၅၅ ဦး၊ ၉။ မူလွန် ၆ မိုင်ရွာ ။ ၁၇၃ ဦး၊၁၀။ အမက တလိုင်းတပ်ရွာ။ ၁၃၁ ဦး၊၁၁။ အလက(ခွဲ)သကျက်။ ၁၄၀ ဦး၊ ၁၂။ အမက ထုံတော်ရွာ ။ ၁၃၅ ဦး၊၁၄။ အမက ရေခမ်းချောင်း ။ ၆၇ ဦး၊၁၅။ အလက(ခွဲ)မရင်းကြီး။ ၃၂၂ ဦး၊၁၆။ အလက ကော့မပြင်း ။ ၃၃၀ ဦး၊၁၇။ မူလွန် သာရဘွင်ရှေ့။ ၃၈၄ ဦးနှင့် ၁၈။ အထက-တနင်္သာရီတို့ဖြစ်သည်။

ဇူလိုင်လ၁၇ရက်နေ့ကလည်း ကျောင်း(၁၂)ကျောင်းကို မြစ်ရေကြီးကြောင့် ပိတ်လိုက်ရသဖြင့် ယနေ့အထိမြို့နယ်အတွင်းရှိရပ်ကွက်/ ကျေးရွာအသီးသီးမှ အခြေခံပညာကျောင်းပေါင်း (၃၀)တိတိကို ပိတ်ထားလိုက်ရကြောင်းနှင့်အဆိုပါ ယာယီပိတ်လိုက်ရသည့်ကျောင်းများမှ ကျောင်းသူ/သားများအား ပိတ်ရက်ကာလအစား စနေ/တနင်္ဂနွေ ပိတ်ရက်များအတွင်း အစားထိုးသင်ကြားရန် စီစဉ်ထားရှိကြောင်း သိရသည်။

 

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)