တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာတွင် အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်

တနင်္သာရီ  ၂ ဇန်နဝါရီ

 

စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရန်ပုံငြွေဖင့် တနင်္သာရီမြို့နယ် ကျေး/လက်ဦးစီးဌာနမှ ညောင်ပင်ကွင်းကျေးရွာအုပ်စု ညောင်ပင်ကွင်းကျေးရွာ ဇေယျစိတ္တ သုခကျောင်းတိုက် ဓမ္မာရုံတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု (အခြေခံစက်ချုပ်သင်တန်း) ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်း ၊ မြို့နယ် ကျေး/လက်ဦးစီးဌာန ဦးစီးမှူး ဦးညီညီဝင်းနှင့် ဝန်ထမ်းများ မြို့နယ်လမ်းဉီးစီးဌာန ဉီးစီးအရာရှိ ဦးကျော်သီဟ၊ နတလဦးစီးမှူး ဦးဇော်ဝင်းမောင်၊ စက်ချုပ်သင်တန်းနည်းပြ ဆရာမ ဒေါ်မိုမိုချို၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးအောင်လွင်နှင့် ရာအိမ်မှူးများ ဒေသခံများ ကျေးရွာအုပ်စုတွင်းရှိ ရွာခွဲများမှ သင်တန်းသူ (၁၈)ဦး၊ စုစုပေါင်း(၆၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

 

5

 

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဉီးအောင်ကျော်ဟိန်း မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ကျေး/လက်ဦးစီးဌာန ဦးစီးမှူး ဦးညီညီဝင်းမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်း စည်းကမ်းများအား ရှင်းလင်းပြောကြားပေးသည်။

 

1

 

အဆိုပါသင်တန်းမှာ နည်းပြဆရာမ ဒေါ်မိုမိုချိုမှ အင်္ကျီ၊ ဘောင်းဘီအမျိုးမျိုး စကတ်၊ စသည့်ချုပ်နည်း(၁၅) မျိုးအား ၂-လအကြာ သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းသူ(၁၈)ဦးက သင်တန်းကာလပြီးဆုံးသည့် မတ်လ(၁)ရက်နေ့ထိ ၂ လတာ ကာလအတွင်း ပျက်ရက်မရှိ တက်ရောက်ကြရမည်ဖြစ်ကြောင်း သိရှိရသည်။

 

သတင်း-နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)