တံတားဦးမြို့နယ်၌ မော်တော်ယာဉ်မှ လျှပ်စစ်မီးတိုင်အား ဝင်ရောက်တိုက်မိပြီး မီးလောင်မှုဖြစ်ပွားကာ ယာဉ်မောင်း သေဆုံး 

နေပြည်တော်  ၁၉  ဇွန် 

 

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ မန္တလေးလေဆိပ်အထွက်လမ်း၊ မိုင်တိုင်အမှတ် (၇/၆)၌ ဇွန် ၁၈ ရက် ညပိုင်းက မော်တော်ယာဉ်မှ လမ်းဘေးရှိ လျှပ်စစ်မီးတိုင်အား ဝင်ရောက်တိုက်မိပြီး မီးလောင်မှုဖြစ်ပွားကာ ယာဉ်မောင်းသေဆုံးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဇွန်လ ၁၈ ရက်နေ့ ည ၆ နာရီ မိနစ် ၂၀  က မန္တလေးလေဆိပ် အထွက်လမ်းအတိုင်း လေဆိပ်ဘက်မှ မန္တလေးမြို့ဘက်သို့ မဟာအောင်မြေမြို့နယ်နေ ဦးမျိုးခန့် (၄၅)နှစ် မောင်းနှင်လာသည့် YGN GG/xxxx KIA ယာဉ်သည် အခင်းဖြစ်နေရာအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက်ခြမ်းရှိ လျှပ်စစ်မီးတိုင်အား ဝင်ရောက်တိုက်မိတိမ်းမှောက်ကာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဦးမျိုးခန့်မှာ မီးလောင်သေဆုံးသွားသဖြင့် လေဆိပ်နယ်မြေရဲစခန်းတွင်  အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

 

(ရဲပြန်ကြား)