တွံတေးမြို့နယ်၌ ငါးကန်ဘောင်ဘေးရှိ ရေစိမ့်မြောင်းအစပ် ရွှံ့နွံထဲတွင် အမျိုးသားတစ်ဦး သေဆုံးနေကြောင်း သိရ

ရန်ကုန်    ဇွန်         

    

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၌ ငါးကန်ဘောင်ဘေးရှိ ရေစိမ့်မြောင်း အစပ်ရွှံ့နွံထဲတွင် အမျိုးသားတစ်ဦးသေဆုံးမှုကို ဇွန် ရက်နေ့ က ဖြစ်ပွားခဲ့သည်။

 

ဖြစ်စဉ်မှာ ဒုရဲအုပ် ကျော်မိုးထက်၊ တွံတေးမြို့မရဲစခန်း တာဝန်မှူး တာဝန်ဆောင်ရွက်နေစဉ် တွံတေးမြို့နယ်၊ ပြသတိုက်ကျေးရွာအုပ်စု၊ စာဖြူစုကျေးရွာတွင် အမျိုးသားတစ်ဦး သေဆုံးကြောင်း သိရသဖြင့် ဒုရဲမှူး ထွန်းလင်းအောင်နှင့်အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

 

သေဆုံးသူမှာ ဦးထွန်းထွန်းဖြစ်ပြီး စာဖြူစုကျေးရွာတောင်ဘက်ရှိ ငါးကန်ဘောင်ဘေးရှိ ရေစိမ့် မြောင်းအစပ်ရွှံ့နွံထဲတွင် မှောက်လျက် အနေအထားဖြင့် သေဆုံးနေသည် တွေ့ရှိရခြင်း ဖြစ်သည်။ အလောင်းအား စစ်ဆေးရာ ပြင်ပဒဏ်ရာတစ်စုံတစ်ရာ မတွေ့ရှိသဖြင့် သေဆုံးသူ၏ သမီးဖြစ်သူ မအိအိငြိမ်းအား မေးမြန်းရာ သေဆုံးသူ ဦးထွန်းထွန်းမှာ ဇွန်ရက်နေ့ နံနက်ပိုင်းက ကျွဲကျောင်းရန်အတွက် နေအိမ်မှ တစ်ဦးတည်းထွက်သွားခဲ့ရာ ၎င်းကျွဲကျောင်းနေကျဖြစ်သော ရွာတောင်ဘက် ကွင်းထဲသို့ ထွက်သွားခဲ့ကြောင်း ညနေအထိ ပြန်မလာကြောင်း

 

ဇွန်လ(၃)ရက်နေ့တွင် ရွာတောင်ဘက် ငါးကန်ဘောင် ဘေးရှိ ရေစိမ့်မြောင်းအစပ်လူတစ်ဦး မှောက်လျက်သေဆုံးနေကြောင်း သိရသဖြင့် သွားကြည့်ခဲ့ရာ သေဆုံးသူမှာ ဖခင်ဖြစ်သူ ဦးထွန်းထွန်း ဖြစ်နေသည်ကို သိရခြင်းဖြစ်ကြောင်း ပြောပြသိရသဖြင့် အလောင်အား တွံတေးဆေးရုံသို့ ပို့အပ် လက်ခံစစ်ဆေးလျက်ရှိသည်။

 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် ဒုရဲအုပ် ကျော်မျိုးထက်မှ တရားလိုပြုလုပ်တိုင်တန်း၍ တွံတေးမြို့မရဲစခန်းမှ အမှုဖွင့်ပြီး လက်ခံစစ်ဆေး လျက်ရှိကြောင်း သိရသည်။

 

ချယ်ရီ