တန့်ယန်းနှင့် သိန္နီမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  ၁၄   ဇွန် 
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇွန် ၁၃ ရက် မွန်းလွဲပိုင်းက တန့်ယန်းမြို့၊ အမှတ်(၈)ရပ်ကွက်နေ မနန်းလူနှင့် အိုက်ပန်းတို့၏ နေအိမ်ကိုရှာဖွေရာ အိုက်ပန်းမှာ ထွက်ပြေးသွားပြီး နေအိမ်ခြံဝင်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၈,၀၀၀ ကိုလည်းကောင်း၊၊

အလားတူ ယင်းနေ့ နံနက် ၈ နာရီခွဲက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် သိန္နီမြို့နယ်၊ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင် မိုင်းနေမြင့်အောင် (ခ)မြင့်အောင် မောင်းနှင်လာသည့် NISSAN CONDOR အမျိုးအစား ၆ ဘီးမော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာ ငွေကျပ်သိန်း ၆၆၀၀ တန်ဖိုးရှိ ဘိန်းဖြူ ၂၂ ကီလို၊ ငွေကျပ် ၁,၀၀၀,၀၀၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။ 
(သတင်းစဉ်)