တပေါင်းလပြည့်နေ့ညတွင် ကလိန်အောင်မြို့ သမိုင်းဝင်ဆုတောင်းပြည့် ဆံတော်ရှင် စေတီတော်မြတ်ကြီး၌ မီးပုံးပျံ ၅၀ဝ လွှတ်တင်ပူဇော်ပွဲ ကျင်းပ

ကလိန်အောင် ၉ မတ်

 

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ ရှင်ကိုးရှင် သမိုင်းဝင်ဆုတောင်းပြည့် ဆံတော်ရှင် စေတီတော်မြတ်ကြီး တောင်ပေါ်၌ မတ် ၈ ရက် (တပေါင်းလပြည့်နေ့) ညတွင် မီးပုံးပျံအလုံး ၅၀ဝ လွှတ်တင်ပူဇော်ပွဲ ကျင်းပသည်။

 

369

 

အဆိုပါ မီးပုံးပျံအလုံး ၅၀ဝ လွှတ်တင်ပူဇော်ပွဲကို ဆံတော်ရှင်ဘုရားဂေါပကအဖွဲ့မှ ဦးဆောင်၍ ကလိန်အောင်မြို့ စတုဒိသာအဖွဲ့နှင့် လူငယ်များအဖွဲ့တို့က ပူးပေါင်းပြီး တပေါင်းလပြည့်နေ့ညတွင် ဘုရားရှင်အား ရည်စူးအာရုံပြု၍ ရင်ပြင်တော်တစ်ခွင်လုံး စနစ်တကျ မီးပုံပျံများကို တစ်ပြိုင်နက်တည်း လွှတ်တင်ပူဇော်ကြသည်။

 

ထို့အပြင် တပေါင်းလပြည့်နေ့ နံနက်ပိုင်းတွင်လည်း သမိုင်းဝင် ဆုတောင်းပြည့် ဆံတော်ရှင် စေတီတော်မြတ်ကြီး တောင်ပေါ်၌ ဆရာတော် သံဃာတော် အရှင်သူမြတ်များတို့အား အစဉ်အလာ မပြတ် မြို့လုံးကျွတ် စေတနာရှင်အလှူရှင်များက ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ခြင်းနှင့် စတုဒိသာဖြင့် ကျွေးမွေးဧည့်ခံကြကြောင်း သိရသည်။

 

ပြန်/ဆက်