တပ်ကုန်းမြို့၌ ဒီဇင်ဘာအားကစားလ အထိမ်းအမှတ်ဖြစ် အားကစားပြိုင်ပွဲများ ကျင်းပ

တပ်ကုန်း    ၁၃      ဒီဇင်ဘာ        

 

နေပြည်တော်တပ်ကုန်းမြို့နယ်၌ ဒီဇင်ဘာအားကစားလ အထိမ်းအမှတ်ဖြစ် ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်ပြိုင်ပွဲများအား  မြို့နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာန၊ဦးစီးအရာရှိ ဦးအောင်ဗိုလ်ဝင်းနှင့် တာဝန်ရှိသူများက ကြီးကြပ်ပြီး မြို့နယ်ပြည်သူ့ အားကစားကွင်း၊ မိုးလုံလေလုံခန်းမ၌  ကျင်းပသည်။ 

 

အဆိုပါအားကစားပွဲများကို ပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ကြပြီး ဘော်လီဘောပြိုင်ပွဲကို အသင်း(၆)သင်းပါဝင်၍  ယနေ့ မွန်းလွဲ ၂နာရီက  ရဲတံခွန်အသင်းနှင့် သူဌေးကုန်းအသင်း၊ နွယ်ရစ်အသင်းနှင့် ရွေးစုအသင်းတို့ ယှဉ်ပြိုင်ကြသည်။

 

ဆုရရှိသည့်အသင်းများအား ဒီဇင်ဘာ ၁၅ ရက်တွင် ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း  မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

                                                                                 

တင်စိုးလွင်(ပြန်ဆက်)