တပ်မတော် (ရေ) နယ်လှည့်ဆေးကုသရေးအဖွဲ့မာန်အောင်၌ အခမဲ့ဆေးကုသပေး

မာန်အောင်  ၇  ဒီဇင်ဘာ 

 

ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်) တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် ပြည်သူ့ဆေးရုံ အခြေပြု၍ ယနေ့နံနက် ၈ နာရီက ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

 

ဆေးကုသခံယူမှု ခက်ခဲပြီး ဝေးလံခေါင်ဖျားသော ဒေသခံပြည်သူများအတွက် တပ်မတော်မှ ကျန်းမာရေးကူညီ စောင့်ရှောက်မှုပေးခြင်းဖြစ်ကြောင်း သိရသည်။

 

 

အဆိုပါ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့တွင် ဆေးပါရဂူအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး ထွန်းထွန်းဝင်း ပါဝင်သော သားဖွားမီးယပ်၊ နား၊ နှာခေါင်း၊ လည်ချောင်း ပါရဂူများ၊ သွား၊ အရိုး၊ အကြော၊ မျက်စိအထွေထွေရောဂါ၊ ကလေးကျန်းမာရေး ပါရဂူ၊ ခွဲစိတ်ပါရဂူများနှင့် ရောဂါဗေဒ ပါရဂူများသည် အမျိုးသား လူနာ (၂၂၈) ဦး အမျိုးသမီးလူနာ (၄၈၂) ဦးစုစု ပေါင်း (၇၁၀) ဦးအား အခမဲ့ဆေးကုသပေးခဲ့ကြောင်း သိရသည်။

 

သိန်းဖေ(ပြန်/ဆက်)