တပ်မတော်အနေဖြင့် ရွေးကောက်ပွဲကြီး အောင်မြင်ရန် ပြည်သူတို့နှင့်အတူ လက်တွဲဆောင်ရွက်မည်

နေပြည်တော် ၂၇  မတ်  

 

၂၀၁၅ ခုနှစ် နှစ်(၇၀)ပြည့် တပ်မတော်နေ့ တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် စစ်ရေးပြကွင်းကြီး၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး သရေစည်သူ မင်းအောင်လှိုင် တက်ရောက်၍ မိန့်ခွန်းပြောကြားသည်။

 

အဆိုပါ စစ်ရေးပြအခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမြသိန်း၊  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်ထောင်စုဝန်ကြီးများ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး သရေစည် သူလှဌေးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် သူရသက်ဆွေ၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊  တပ်မတော်အငြိမ်းစားအရာရှိကြီးများ၊ တပ်မတော်နေ့ ကျင်းပရေး ဦးစီး ကော်မတီဥက္ကဋ္ဌ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သီရိပျံချီ ရာပြည့်၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ လွှတ်တော် ရေးရာကော်မတီဥက္ကဋ္ဌများ၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်သား လွှတ်တော်ကိုယ်စား လှယ်များ၊ မြန်မာနိုင်ငံစစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ စစ်သံမှူးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိကြီးများ၊ တက္ကသိုလ် လေ့ကျင့်ရေးတပ်များမှ  တပ်ဖွဲ့ဝင်ကျောင်းဆရာများနှင့် ကျောင်းသားများ၊ နယ်ခြား စောင့် တပ်များ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့များ၊ မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ (ယာယီ) အဖွဲ့ဝင်များ၊ ပြည်တွင်းပြည်ပသတင်းဌာနများမှ သတင်းထောက်များ၊ ပြည်တွင်း ဂျာနယ်၊ မဂ္ဂဇင်းများမှ သတင်းထောက်များ၊ အနုပညာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

နှစ်(၇၀)ပြည့်တပ်မတော်နေ့ စစ်ရေးပြစစ်ကြောင်းကြီးများ ချီတက်မည့် စုရပ် သစ်တပ်စစ်ရေးပြကွင်းမှ စစ်ရေးပြ ကွင်းကြီး၏ အဝင်မုခ်ဦး၊ ၎င်းမှ စစ်ရေးပြ ကွင်းကြီးတစ်လျှောက် လမ်းဘေးဝဲ^ယာတို့တွင် အမြဲစိမ်းပင်များ၊ ပုံဖော်ပင်များ၌ လျှပ်တစ်ပြက်မီးရောင်စုံများ၊ မီးပြေးများကို စနစ်တကျတပ်ဆင် ထွန်းညှိ ထားရှိသည်။

 

ထို့နောက် နံနက် ၅ နာရီတွင် ၂၀၁၅ ခုနှစ် နှစ်(၇၀)ပြည့် တပ်မတော်နေ့  စစ်ရေးပြအခမ်းအနား၌  ပါဝင်ချီ တက်ကြမည့် ယန္တယားတပ်ဖွဲ့များ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)စစ်သည်များ၊ တပ်မတော် (ကြည်း)(အမျိုးသမီး)ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ (အမျိုးသမီး)ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ တို့သည် စစ်ရေးပြအခမ်းအနားသို့ စစ်ကြောင်းကြီးများအလိုက် သစ်တပ်စစ်ရေးပြကွင်း၌ စတင်စုရုံးရောက်ရှိနေရာယူကြပြီး စစ်ရေးပြအစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။

 

စစ်ရေးပြမှူးကြီး ဗိုလ်မှူးချုပ် ဖုန်းမြတ် ဦးဆောင်၍ နှစ်(၇၀)ပြည့် တပ်မတော် နေ့ စစ်ရေးပြ စစ်ကြောင်းကြီးများ စုရပ်စစ်ရေးပြကွင်းမှ တပ်မတော်နေ့ အခမ်းအနား ကျင်းပသည့် စစ်ရေးပြ ကွင်းကြီးဆီသို့ စတင်ချီတက်လာချိန်မှစ၍ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း၏ဇနီး ဒေါ်ခင်အေးမြင့် ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ၏ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)၏ဇနီး ဒေါ်မာမာဝေ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)၏ဇနီး ဒေါ်ဝေမာမာထွန်း၊ ကာကွယ်ရေး ဦးစီးချုပ် (လေ)၏ ဇနီး ဒေါ်အေးအေးသန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၏ ဇနီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီးတို့က ဂုဏ်ပြုပန်းကုံးများစွပ်၍ ကြိုဆိုကြသည်။

 

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အရာရှိ၊ စစ်သည် မိသားစုများ၊ နေပြည်တော် တိုင်းစစ်ဌာန ချုပ်နှင့် တပ်နယ်အသီးသီးတို့မှ အရာရှိ၊ စစ်သည် မိသားစုများ၊ ဒေသခံမိဘပြည် သူများ ကလည်း စစ်ကြောင်းကြီးများ ချီတက်ရာလမ်းတစ်လျှောက် သောင်းသောင်းဖြဖြကြိုဆိုကာ ဂုဏ်ပြု ပန်းကုံးများ စွပ်ကြသည်။

 

စစ်ကြောင်းကြီးငါးကြောင်းမှ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား ၁၀၃၆၇ ဦးတို့သည် စုရပ် သစ်တပ်စစ်ရေးပြကွင်းမှ စတင်၍ သတ်မှတ်အစီအစဉ်အတိုင်း စစ်ရေးပြ ကွင်းကြီးဆီသို့ ချီတက်စဉ် ဇာတိသွေး၊ ဇာတိမာန် အပြည့်ဖြင့် စစ်ချီတေးများကို သံပြိုင် ဟစ်ကြွေးသီဆိုကြပြီး စစ်ရေးပြကွင်း ကြီးအတွင်းသို့ ရောက်ရှိနေရာယူကြသည်။

 

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကျင်းပရာ စစ်ရေးပြ ကွင်း ကြီးသို့ ရောက်ရှိလာပြီး စစ်ရေးပြကွင်းကြီး အတွင်းရှိ အလေးပြုခံစင်မြင့်၌ နေရာယူသည်။

 

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား စစ်ကြောင်းကြီးများမှ တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက အလေးပြုကြသည်။

 

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မော်တော်ယာဉ်ဖြင့် စစ်ရေးပြ စစ်ကြောင်းကြီးများအား စစ်ဆေးသည်။

 

ဆက်လက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြု ကြရာ ဗဟိုစစ်တီး ဝိုင်းအဖွဲ့က နိုင်ငံတော်သီချင်းကို တီးမှုတ်သည်။

 

ယင်းနောက် ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြုကြပြီး စစ်ကြောင်းကြီးများမှ (ကြည်း၊ရေ၊လေ) တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များက သစ္စာလေးချက်ကို သံပြိုင် ညီညာရွတ်ဆိုကြသည်။

 

တပ်မတော်သည် တိုင်းရင်းသားပြည်သူများနှင့်အတူ အသက်၊ သွေး၊ ချွေး မြောက်မြားစွာ ပေးဆပ်ပြီး လွတ်လပ်ရေးကို အရယူပေးခဲ့ရုံသာမက လွတ်လပ်ရေးကို မဆုံးရှုံးရန်လည်း ထိန်းသိမ်းကာကွယ် စောင့်ရှောက် ခဲ့ရကြောင်း၊ လွတ်လပ်ရေးရပြီးချိန်မှစ၍ နယ်ချဲ့များအမွေပေးခဲ့သည့် အချင်းချင်း မကျေနပ်မှု၊ မယုံကြည်မှုများကြောင့် အယူဝါဒနှင့် အတွေးအခေါ်များကွဲပြားပြီး လက်နက်ကိုင် ပဋိပက္ခ တွေပေါ်ပေါက်လာ၍ တပ်မတော်သားများသည် အသက်ခန္ဓာများ စွန့်လွှတ်ပေးဆပ်ပြီး ပြည်ထောင်စု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ မဆုံးရှုံးရစေရေးအတွက် ကာကွယ်စောင့်ရှောက်ခဲ့ရကြောင်း၊ ထို့အပြင် ပြည်ပတရုတ်ဖြူတပ်များ၏ ကျူးကျော်မှုကိုလည်း ပြည်သူလူထုနှင့်လက်တွဲပြီး စစ်ဆင်ရေးကြီးများ ဆင်နွှဲတိုက်ထုတ်ခဲ့ရကြောင်း၊ ထိုသို့ ပြည်ပကျူးကျော်မှုများနှင့် ပြည်တွင်း ဆူပူသောင်း ကျန်းမှုများ ချုပ်ငြိမ်းရေးအတွက် နေရာဒေသအသီးသီးတွင် တပ်မတော်က ဆင်နွှဲခဲ့သည့် စစ်ဆင်ရေးကြီးများသည် သမိုင်းကြောင်းတွင် အထင်အရှား ရှိခဲ့သလို သမိုင်းအစဉ်အလာနှင့်အညီ နိုင်ငံတကာ တပ်မတော်များ၏ ကျင့်စဉ်အတိုင်း ပိုင်နက်နယ်မြေလုံခြုံရေး၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူ လူထု အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးတို့အတွက် ပြည်တွင်း၊ ပြည်ပအန္တရာယ် မှန်သမျှ ကို တပ်မတော်အနေဖြင့် တိုက်ထုတ်ကာကွယ် စောင့်ရှောက်သွားမည် ဖြစ်ကြောင်း။

 

တပ်မတော်သည် ပြည်ပကျူးကျော်မှုနှင့် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေး ကိုသာမက အမျိုးသားနိုင်ငံရေး တာဝန်များကိုပါ ထမ်းဆောင်ခဲ့ရကြောင်း၊ ၁၉၅၈ ခုနှစ် နိုင်ငံရေး အကြပ် အတည်း ကာလ၊ ၁၉၆၂ ခုနှစ် ပြည်ထောင်စုကြီးပြိုကွဲပြီး အချုပ်အခြာအာဏာ ဆုံးရှုံးရမည့် အခြေ အနေနှင့် ၁၉၈၈ ခုနှစ် မင်းမဲ့စရိုက်ဆန်သည့် အရေးအခင်းကာလများတွင် တပ်မတော်သည်  ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ တိုင်းပြည် တည်ငြိမ်အေး ချမ်းရေးတို့ အတွက် နိုင်ငံတော် တာဝန်ကို လွှဲပြောင်းထမ်းဆောင်ပြီး အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းခဲ့ရကြောင်း။

 

တပ်မတော်သည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး မူဘောင်(၃)ရပ်ချမှတ်ပြီး နိုင်ငံတော်၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူ များ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်သည် တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေ စိုးမိုးရေးဖြစ်ကြောင်း၊ ထိုအချက်ကို အလေးထားပြီး တပ်မတော်အပါအဝင် နိုင်ငံရေး ပါတီ၊ လူပုဂ္ဂိုလ် အဖွဲ့အစည်း အသီးသီးတို့တွင် အသိတရားရှိစွာဖြင့် ဝိုင်းဝန်း ထိန်းသိမ်း ပူးပေါင်း ဆောင်ရွက်ရန် လိုကြောင်း၊  ပြည်သူလူထုက ရွေးချယ်ခဲ့သည့် ပါတီစုံ ဒီမိုကရေစီ စနစ်ကို ဖော်ဆောင် ရာတွင် ပြည်သူ့အကျိုးကိုရှေးရှုသော မိမိတို့တပ်မတော် ကလည်း ဒီမိုကရေစီ ဖြစ်ထွန်းမှု ကိုလိုလားပြီး အစဉ်အမြဲထိန်းကျောင်း ဆောင်ရွက် သွားမည်ဖြစ်သည့်အပြင် ခိုင်မာလာအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

 

နိုင်ငံတော်အနေဖြင့်လည်း ပါတီစုံဒီမိုကရေစီစနစ်နှင့်အတူ တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရန် ဈေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်ကျင့်သုံး လျက်ရှိကြောင်း၊ ဈေးကွက် စီးပွားရေးစနစ်နှင့်အညီ နိုင်ငံပိုင်ကဏ္ဍများကို လျော့ချပြီး ပုဂ္ဂလိကပိုင်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက် ရှိသည့်အပြင် စီးပွားရေး ပိတ်ဆို့ဟန့်တားမှုများကိုလည်း ဖယ်ရှားဖြေလျော့ပေး နိုင်ရေးဆောင်ရွက်ခဲ့ကြောင်း၊ တိုင်းပြည်၏ စီးပွားရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဈေးကွက်စီးပွားရေး ဖော်ဆောင်မှု ခိုင်မာအားကောင်းရန် မိမိတို့တပ်မတော် အနေဖြင့်ကာကွယ် လုပ်ဆောင်သွားမည်ဆိုသည်ကို အခိုင်အမာပြောကြားလိုကြောင်း။

 

ပြည်သူလူထု၏ ပကတိလိုအပ်ချက်သည် အေးအေးချမ်းချမ်း နေထိုင် လုပ်ကိုင်စားသောက်ပြီး စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြင့် မိမိတို့၏ ဘဝဖွံ့ဖြိုး တိုးတက်ရေးပင်ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကသာလျှင် ပြည်သူတို့၏ ပကတိ လိုအပ်ချက်နှင့် ဆန္ဒအမှန်ပင်ဖြစ်ကြောင်း၊  ပြည်သူတို့၏ ဆန္ဒအမှန်နှင့်လိုလားချက်ကို ဖြည့် ဆည်း ဆောင်ရွက်ရာတွင် မိမိတို့တပ်မတော်သားများအနေဖြင့် အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးပါ တီအဖွဲ့ အစည်းများ၊ ပြည်သူများနှင့်ပူးပေါင်းပြီး စည်းကမ်းဥပဒေ များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထို့အပြင် တိုင်းပြည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုး တက်ရေး အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးများ ဆောင်ရွက်သကဲ့သို့ ခြိုးခြံချွေ တာရေး ကိုလည်း ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အထူးသဖြင့် ရေသယံဇာတ၊ သစ်တော သယံဇာတ၊ စွမ်းအင်နှင့်လျှပ်စစ် စသည့်သဘာဝအရင်းအမြစ်များကို သားစဉ်မြေးမြစ် များအထိ အကျိုးရှိ စွာ သုံးစွဲနိုင်ရန် ကောင်းမွန်သောအစီအမံများ ချမှတ်ပြီး ထိန်းသိမ်း  ကာကွယ် ဆောင်ရွက် ရမည်ဖြစ် သကဲ့သို့ ကာကွယ်ရေးစွမ်းအား တည်ဆောက်သည့် နေရာတွင်လည်း စားသောက် နေထိုင်ရေး ကစ၍ ငွေကြေး၊ ရုပ်ဝတ္ထု ပစ္စည်းပိုင်းဆိုင်ရာ များကို  ခြိုးခြံချွေတာ အလေ အလွင့်မ ရှိစေရေး အကျိုးရှိရှိ သုံးစွဲရန်လိုအပ်ကြောင်း၊ မိမိကိုယ်ကို ခြိုးခြံချွေတာခြင်းဖြင့်လည်း ရဲဘော်တို့ အနေဖြင့် ကျန်းမာရေးကို ထိခိုက်စေသည့် အသောက်အစားအပျော်အပါးများကို ရှောင်ရှား နိုင်ပြီး တိုင်းပြည်အကျိုး၊ တပ်မတော်အကျိုးကို ဆတက်ထမ်းပိုး သယ်ပိုးဆောင်ရွက်နိုင် မည် ဖြစ်ကြောင်း။

 

မိမိတို့နိုင်ငံသည် ပြည်ထောင်စုနယ်မြေအတွင်း ဒေသအသီးသီးတွင် တိုင်းရင်းသားအားလုံး စုစည်းနေထိုင်ကြသည့် ပြည်ထောင်စုနိုင်ငံဖြစ်သကဲ့သို့ အိမ်နီးနားချင်းနိုင်ငံများနှင့်လည်း တိကျသော နယ်မြေနယ်နိမိတ်များ သတ်မှတ် ပိုင်းခြား ထားပြီးဖြစ်ကြောင်း၊ တိုင်းရင်းသား အားလုံးကိုလည်း တူညီသည့်အခွင့်အရေးများ ပေးထားပြီးဖြစ်ကြောင်း၊  အုပ်ချုပ်မှုလွယ်ကူစေရန် ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်တိုင်းဒေသကြီးများ သတ်မှတ်ထားသကဲ့သို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသများ လည်း ခွဲဝေပေးထားပြီးဖြစ်ကြောင်း၊ ပြည်နယ်နှင့်တိုင်း ဒေသကြီးအားလုံး ကိုလည်း ဥပဒေနှင့်အညီ တူညီသော အဆင့်အတန်း(Status) များ သတ်မှတ် ပေးထားပြီးဖြစ်ကြောင်း၊ နိုင်ငံတော် ၏ ပိုင်နက်နယ်မြေအတွင်း မည်သည့်ဒေသတွင်မဆို မှီတင်းနေထိုင်ကြသည့် တိုင်းရင်း သားများ၏ အခွင့်အရေး ရပိုင်ခွင့်များနှင့်ပတ်သက်၍ နိုင်ငံသား တိုင်းရင်းသားအားလုံးကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေအခန်း(၈)ပါ နိုင်ငံသား၊ နိုင်ငံသားများ၏မူလ အခွင့်အရေးနှင့် တာဝန်များအတိုင်း တန်းတူရရှိ ခံစားစေပြီးဖြစ်ကြောင်း၊ တိုင်းရင်းသားအားလုံးသည် ပြည်ထောင်စုအတွင်း ဘယ်နေရာ ဘယ်ဒေသ မှာပဲနေနေ အုပ်ချုပ်မှု အရသော်လည်းကောင်း၊ ဥပဒေအရသော် လည်းကောင်း တူညီသောအခွင့်အရေးများကိုရရှိခံစား နေကြရမည်ဖြစ်သည့်အတွက် ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုး တက်ရေးကိုသာရှေးရှုပြီး အမြင်မတူညီမှုများကို ညှိနှိုင်းဆွေးနွေး အဖြေရှာ၊ တစ်ဦးနှင့်တစ်ဦး အပြန် အလှန် အမှီသဟဲပြု၊ သဟဇာတဖြစ်သည့် လူ့အဖွဲ့ အစည်းတစ်ခုဖြစ်အောင် ပူးပေါင်း ဆောင်ရွက် သွားရန်လိုအပ်ကြောင်း။

 

ဒီမိုကရေစီကို အောင်မြင်ရန် အကောင်အထည်ဖော်ရာတွင် နိုင်ငံတည်ငြိမ် အေးချမ်းရေးသည် အရေးကြီးသည့် ကိစ္စရပ်တစ်ခုဖြစ်ကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပပျောက်ရေး အတွက်ဆိုလျှင် ဒီမိုကရေစီစနစ်နှင့်အညီ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များကို ဥပဒေဘောင်အတွင်းမှ ဝိုင်းဝန်း ညှိနှိုင်းဆွေးနွေးအဖြေရှာမှသာ တူညီသော ရည်မှန်းချက်ကို ရောက်ရှိနိုင်မည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်သည် လက်နက်ကိုင် ဖိအားပေးမှုမရှိကြောင်း၊ စည်းကမ်းနှင့်အညီ ငြိမ်းချမ်းသည့် နည်းလမ်းဖြင့်သာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ မင်းမဲ့စရိုက်ဆန်စွာ ဥပဒေဘောင်ကို ကျော်လွန် ဆောင်ရွက် မှုများသည် ဒီမိုကရေစီ လမ်းကြောင်းက သွေဖည်သွားစေကြောင်း၊ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းအားလုံးသည် ညီအစ်ကိုရင်းချာ မိသားစု စိတ်ဓာတ်ဖြင့် တစ်ဦးနှင့်တစ်ဦး ယုံယုံကြည်ကြည် ညှိနှိုင်းဖြေရှင်းကြရန် လိုအပ်ကြောင်း၊ နိုင်ငံရေးအမြင် ကွဲလွဲခြားနားမှုများကို လက်နက်ကိုင်နည်းဖြင့် ဖိအားပေး ရယူရန် ကြိုးပမ်းမှုများသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို ထိခိုက်ပျက်စီးစေခြင်းကြောင့် တပ်မတော်အနေဖြင့် လက်ခံမည် မဟုတ်ကြောင်း။

 

ပါတီနိုင်ငံရေးကို ဦးစားပေးလွန်းလျှင် နိုင်ငံတည်ငြိမ်မှု မရှိနိုင်ကြောင်း ကမ္ဘာ့နိုင်ငံအချို့၏ဖြစ်ရပ်များက သာဓကပြပြီး ဖြစ်ကြောင်း၊ အမျိုးသားရေး ဝါဒကို အစွန်းရောက်စွာ ကျင့်သုံးလျှင်လည်း နိုင်ငံတော် တည်ငြိမ်မှုကို အခက်တွေ့ စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက် မှုရှိစေဖို့အတွက် ဒီမိုကရေစီနည်းလမ်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အမျိုးသားရေး စိတ်ဓာတ်ကိုအခြေခံသည့် ဒီမိုကရေစီစနစ်ဖြင့်သာ အကောင် အထည်ဖော် ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲမှုများသည် မြန်ဆန် လွန်းလျှင် Shock  များ ဖြစ်ပေါ်ပြီး မပြေလည်မှုများ၊ မငြိမ်သက်မှုများ ရင်ဆိုင်ကြုံတွေ့ နေရမည်ဖြစ်သည့်အတွက် ပြုပြင် ပြောင်း လဲမှုများကို သင့်တင့်သည့် နှုန်းထားဖြင့် ဟန်ချက်ညီမှုနှင့် ညီညွတ်မျှတမှုရှိအောင် ဆောင်ရွက် သွားခြင်းက ထိရောက် မှန်ကန်သည့် တိုးတက်ပြောင်းလဲမှုများကို ရရှိစေနိုင်ကြောင်း၊ ဗျူရိုကရေ စီစနစ်နှင့် ခေါက်ရိုးကျိုးနေသည့် ဝန်ထမ်းများ၏ သဘောထားနှင့် ခံယူချက် ကိုလည်း ပြုပြင်ပြောင်း လဲရန်လိုအပ်ပြီး ဥပဒေနှင့်အညီ ဘက်လိုက်မှု မရှိဘဲ ပွင့်လင်း မြင်သာစွာ ဆောင်ရွက်သည့် အလေ့အကျင့်များ ပျိုးထောင်ပေးရန်လည်း လိုအပ်ကြောင်း။

 

နိုင်ငံတော် လွတ်လပ်ရေးရရှိပြီးချိန်တွင် ပါလီမန်ဒီမိုကရေစီ စနစ်ကို ကျင့်သုံးနိုင်ရန် ၁၉၄၇ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းခဲ့ကြောင်း၊ မြန်မာ့ဆို ရှယ်လစ်လမ်းစဉ် တစ်ပါတီစနစ်ကျင့်သုံးဖို့ ၁၉၇၄ ခုနှစ် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့ကြောင်း၊ ဆိုရှယ် လစ်စနစ်၏ အားနည်းချက် အချို့ကြောင့် ၁၉၈၈ ခုနှစ် အရေးအခင်းပေါ်ပေါက်ခဲ့ပြီး တပ်မတော် အနေဖြင့် နိုင်ငံတော်တာဝန်ကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ရကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံး နိုင်ရန် ၁၉၉၃ ခုနှစ်တွင် အမျိုးသား ညီလာခံကြီးကို ကျင်းပခဲ့ပြီး အခြေခံမူ ၁၀၄ ချက်ကို ဦးစွာချမှတ်ခဲ့ကြောင်း၊ ညှိနှိုင်းရရှိခဲ့ သည့်အခြေခံမူများအရ ၂၀ဝ၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မိမိတို့နိုင်ငံ၏ ပထဝီနိုင်ငံရေးအရ တည်နေရာ၊ လူဦးရေနှင့် လူမျိုးစု၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ၊ ကိုးကွယ်မှုနှင့် သမိုင်းကြောင်းများအပေါ် အခြေခံပြီး ပါတီစုံဒီမို ကရေစီစနစ်ကို အောင်မြင်စွာ ဖော်ဆောင်နိုင်ရန်ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်း ကို ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ လျှောက်လှမ်းနေပြီ ဖြစ်ကြောင်း။

 

၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၁)နိုင်ငံတော် အခြေခံမူများ၊ အခန်း(၈)နိုင်ငံသား၊ နိုင်ငံ သားများ၏ မူလအခွင့်အရေးနှင့်တာဝန်များသည် လက်ရှိ ဒီမိုကရေစီလိုအပ်ချက်များနှင့် သဟဇာ တဖြစ်ရန် ပြဋ္ဌာန်းထားခြင်းဖြစ်သည့်အပြင် အခြေခံဥပဒေပုဒ်မ ၁၁(က)တွင် နိုင်ငံတော် အချုပ် အခြာအာဏာခက်မ ၃ ဖြာ ဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍများကို တတ်နိုင် သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းဆောင်ရွက် ရန် ပြဋ္ဌာန်း ထားရှိကြောင်း၊ ဒီမိုကရေစီစနစ်တွင် ယင်းကိုအလေးအနက်ထားရ လိမ့်မည် ဖြစ်ကြောင်း ၊ အခြေခံ ဥပဒေပုဒ်မ ၉(က)အရ တိုင်းဒေသကြီးနှင့် ပြည်နယ်များ ၏ တူညီသည့် အဆင့်အတန်းကို သတ်မှတ် ထားရှိသဖြင့်နိုင်ငံတော်၏ သမိုင်းကြောင်း အရ အခြေခံဥပဒေပုဒ်မ ၆(စ)တွင် နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေး ပြဋ္ဌာန်း ထားရှိကြောင်း၊ တပ်မတော်အနေဖြင့် အခြေခံဥပဒေပုဒ်မ ၂၀(စ)အရ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည့်အလျောက် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်း ချက်များကို ဖြစ်ထွန်းအောင်မြင်ရေး အလေးပေးမှု၊ ထိန်းကျောင်းမှု စသည်များဖြင့် ဆက်လက် လုပ်ဆောင် သွားရမည်ဖြစ်ကြောင်း၊ မည်သည့်နိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမဆို ပြီးပြည့်စုံ သည်ဟုမရှိရာ ပြုပြင်ရန် လိုအပ်လာ လျှင်လည်း အခန်း(၁၂)ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်းတွင် ပြဋ္ဌာန်းထား သည့် ဥပဒေများနှင့်အညီ ဒီမိုကရေစီ အနှစ်သာရကို ဖော်ဆောင်ပြီး ဆက်လက် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း။

 

၂၀၁၅ ခုနှစ် နိုဝင်ဘာလဆန်းတွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ ကြီးသည် မိမိတို့နိုင်ငံ အတွက် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာ တွင် အလွန် အရေးကြီးသည့် မှတ်တိုင်တစ်ခုဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် အထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်ရန် တာဝန်ရှိအဖွဲ့အစည်းများ၊ ပြည်သူလူထု တို့နှင့်အတူ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အထွေထွေ ရွေးကောက်ပွဲကြီး စနစ်တကျနှင့် ငြိမ်းချမ်းစွာ အောင်မြင်ပြီးမြောက်စေရေးအတွက် အဓိကလိုအပ်ချက်သည် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ဖြစ်ကြောင်း၊ နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကို နှောင့်ယှက်ဖျက်ဆီးပြီး ရွေးကောက်ပွဲတွင် လက်နက်ကိုင်ဖိအားပေး မဲထည့်ခိုင်းခြင်းများ၊ လက်နက်နှင့် ခြိမ်းခြောက် မဲထည့်ခိုင်းခြင်းများ လုံးဝအဖြစ်ခံနိုင်မည် မဟုတ်ကြောင်း ၊ နိုင်ငံတစ်နိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ပျက်ပြားရန် အကြောင်းအမျိုးမျိုးပြပြီး နည်းလမ်းမျိုးစုံဖြင့် သွေးထိုးဆောင်ရွက်မှုများသည် လက်ရှိကမ္ဘာ့နိုင်ငံ အတော်များများ တွင် တွေ့မြင်နေရသည့်အတွက် သတိကြီးစွာထားပြီး တားဆီးဆောင်ရွက် သွားကြရန် လိုအပ်ကြောင်း၊ မိမိတို့တပ်မတော်သည် နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် တရား ဥပဒေစိုးမိုးရေးအတွက် အရာရှိ၊ စစ်သည်များ အသက်ခန္ဓာပေးဆပ်ပြီး ဆောင်ရွက်လျက်ရှိသကဲ့သို့ ထိုဒေသတွင် တာဝန် ထမ်းဆောင်နေကြသည့် အရာရှိ၊ စစ်သည်များ၏ ဇနီးများဖြစ်ကြသည့် အိမ်ထောင် သည်ရဲမေများ၊ တပ်မတော် မိသားစုများသည်လည်း တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းဆောင်ရွက် လျက်ရှိသည့် အတွက် မွန်မြတ်သည့် စိတ်ဓာတ်ဖြင့် နိုင်ငံတော်အတွက် စွန့်လွှတ်စွန့်စား တာဝန်ထမ်းဆောင်သူ အားလုံးကို ဂုဏ်ပြုပါကြောင်း၊ ထို့အပြင် ပြည်သူလူထု တစ်ရပ်လုံးကလည်း မိမိတို့ တပ်မတော်၏ နိုင်ငံတော် အပေါ်ထား ရှိသည့် စွန့်လွှတ် စွန့်စားမှုများကို အသိအမှတ်ပြု ထောက်ခံ အားပေး သည့်အတွက် မိမိတို့ တပ်မတော်သားအားလုံး၊ မိသားစုအားလုံးက အလွန်ကျေးဇူးတင်ရှိ ပါကြောင်းနှင့် နိုင်ငံတော်တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးအတွက် မိမိတို့ တပ်မတော် အနေဖြင့် မဖြစ်မနေအောင်မြင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို အလေးအနက် ကတိပြုပြောကြား လိုကြောင်း။

 

မြန်မာနိုင်ငံတွင် လူဦးရေ ၅၁.၄ သန်းကျော်ရှိကြောင်း၊ နိုင်ငံ လူဦးရေ၏ ၅၁ ရာခိုင်နှုန်းကျော်သည် အမျိုး သမီးများဖြစ်သည့်အတွက် အမျိုးသမီး အင်အားထုကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်ရေး စွမ်းအားများတွင် ထိရောက်စွာ အသုံးပြုရန်လိုအပ်ကြောင်း၊ တပ်မတော်အနေဖြင့် အမျိုးသမီးစစ် မှုထမ်း များကို လေ့ကျင့်ပေးပြီး သက်ဆိုင်ရာနိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးနယ် ပယ် အသီးသီးတွင် တာဝန်ပေးအပ်ဆောင်ရွက်လျက်ရှိသကဲ့သို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့်လည်း အမျိုးသမီး ရဲတပ်ဖွဲ့ဝင်များ လေ့ကျင့်မွေးထုတ်ပြီး နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး တာဝန် များကို ထမ်းဆောင်စေလျက်ရှိကြောင်း။

 

 

ဒီမိုကရေစီကျင့်စဉ်တွင် ဒေသတစ်ခု၊ အဖွဲ့တစ်ဖွဲ့၊ လူတစ်ဦး တစ်ယောက် တိုးတက်ရန်ဆိုလျှင် စည်းကမ်းရှိရှိနှင့် ကိုယ်တိုင်ကြိုးစား အားထုတ်လုပ်ဆောင်ကြရန် လိုအပ်ကြောင်း၊ စည်းကမ်းရှိရန်နှင့် ကြိုးစားအားထုတ်ရန်အတွက် ဗိုလ်ချုပ်အောင်ဆန်း က ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့ တိုင်းပြုပြည်ပြုလွှတ်တော် အစည်းအဝေးမှာ တိုင်းပြည်ဟာ ပိုပြီးစည်းကမ်းရှိဖို့လိုတယ်  တိုင်းရင်းသား အချင်းချင်း ညီညွတ်ရေး၊ တိုင်းသူပြည်သား လူထုညီညွတ်ရေးလိုတယ်၊ အဲဒါအင်မတန် အရေးကြီးပါတယ် အလုပ် လုပ်ကြဖို့၊ စည်းကမ်းရှိကြဖို့ ယခုကတည်းက ခင်ဗျားတို့ကိုယ်ကို အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတွေ ပြင်ကြဖို့လိုပြီဆိုတာ ကျွန်တော်ပြောခဲ့ ချင်တယ်ဟု မိန့်ကြားခဲ့ကြောင်း၊ ဗိုလ်ချုပ်ကြီး နေဝင်းက ၁၉၅၈ ခုနှစ်  တပ်မတော် ညီလာခံတွင် စည်းကမ်းတို့ စနစ်တို့ လုပ်ထားတယ်ဆိုတာ လိုက်နာကျင့်သုံးဖို့ လိုတယ် တိုင်းပြည်နဲ့ ပတ်သက်လာရင် ဥပဒေဆိုပြီး လုပ်ရတယ် အဖွဲ့အစည်းတွေ မှာတော့ စည်းကမ်းတို့ စနစ်တို့လုပ်ထားတယ် ဒီစည်းကမ်း တည်နေသရွေ့ ကာလ ပတ်လုံး လိုက်နာရမယ် ဟု မိန့်ကြားခဲ့ ကြောင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက စစ်တက္က သိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၃၁)သင်တန်းဆင်းပွဲ အခမ်းအနားတွင် တိုက်ပွဲအောင်မြင်ရန်အတွက် စစ်စည်းကမ်း ကောင်းမွန်မှုဟာလည်း မရှိမဖြစ် လိုအပ်တယ်၊ စည်းကမ်းဟာ တပ်မတော်ရဲ့ ကျောရိုး ဖြစ်တယ်၊ ခေါင်းဆောင် လုပ်သူတွေက လက်အောက် ငယ်သားတွေကို စည်းကမ်း ကောင်းမွန်စေရန် ကွပ်ကဲ ကြပ်မတ်သလို မိမိကိုယ်၌ ကလည်း စစ်စည်းကမ်းသာမက လောကီ ကျင့်ဝတ် ဆိုင်ရာ စည်းကမ်းတွေကိုပါ စံနမူနာပြ ဖြစ်စေရန် မပြတ်ထိန်းသိမ်းသွားကြရမယ် ဟု မိန့်ကြားခဲ့သကဲ့သို့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ ၁၉၉၃ ခုနှစ် ပထမလေး လပတ် ညှိနှိုင်းအစည်းအဝေးတွင် တိုင်းပြည် စီးပွားရေး တိုးတက်အောင် ဆောင်ရွက်ရာတွင် မိမိနှင့် မသက်ဆိုင်ဟု သဘောမထားဘဲ နိုင်ငံသားတိုင်း၏ အလုပ်၊ လူတိုင်းလုပ်ရမည့် အလုပ်ဟုခံယူကာ ဝိုင်းဝန်း ဆောင်ရွက်ကြရမည် ဟု မိန့်ကြားခဲ့သည်များကို ကြည့်လျှင် မိမိတို့၏ ခေါင်းဆောင်များသည် တိုင်းပြည် တိုးတက်ရန် စည်းကမ်းရှိရှိဖြင့် အလုပ်လုပ်ကြရန်ကို အထူးအလေး ထားပြောကြား ခဲ့သည်များကို တွေ့ရမည်ဖြစ်ကြောင်း၊ အခြားတိုင်းပြည်များ ဖွံ့ဖြိုးတိုးတက်နေသည်ကို အားကျ ချီးမွမ်းပြော ဆိုနေမည့်အစား ထိုနိုင်ငံများက ကောင်းမွန်သည့် စည်းကမ်းနှင့် အလေ့အကျင့်ကောင်းများ၊ အယူအဆကောင်းများ၊ လုပ်နည်းလုပ်ဟန်များကို မိမိနိုင်ငံနှင့်ဆီလျော်အောင် စီမံဖန်တီးပြီး မိမိတိုင်းပြည် ဖွံ့ဖြိုး တိုးတက်မှုရှိစေရေး ဟန်ချက်ညီညီကြိုးစား ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား စစ်ရေးပြမှူးကြီး ဗိုလ်မှူးချုပ် ဖုန်းမြတ် ဦးဆောင် သော စစ်ကြောင်းကြီးများမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဗိုလ်မှူးကြီး တင်အေး ဦးဆောင်သော ယန္တရားတပ်ဖွဲ့များက အစီအစဉ်အတိုင်း စစ်ကြောင်းပုံဖြင့် ချီတက် အလေးပြုကြသည်။

ထိုသို့ ချီတက်အလေးပြုချိန်တွင် တိုက်ခိုက်ရေးရဟတ်ယာဉ်များ၊ သယ်ယူ ပို့ဆောင်ရေး ရဟတ်ယာဉ်များ၊ သယ်ယူပို့ဆောင်ရေး လေယာဉ်များ၊ တိုက်ခိုက်ရေး လေယာဉ်များက အလေးပြုပျံသန်းကြသည်။

ယင်းနောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စစ်ရေးပြကွင်းကြီးမှ ပြန်လည်ထွက်ခွာသွားပြီး ၂၀၁၅ ခုနှစ် နှစ် (၇၀) ပြည့် တပ်မတော်နေ့ စစ်ရေးပြ အခမ်း အနားကို  နံနက် (၈) နာရီ (၄၅) မိနစ်တွင် ရုပ်သိမ်း လိုက်သည်။

 

mdn