တရားမအထူးအယူခံမှု (၁)မှုကို စီရင်ချက်ချမှတ်၊ (၆)မှုကို ရုံးထိုင်ကြားနာ

နေပြည်တော် ၂၇ ဇူလိုင်

 

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးသာဌေး၊ ဦးမျိုးဝင်းတို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးခန်း အမှတ် (၁) ၌ ရုံးထိုင်၍ တရားမအထူးအယူခံမှု (၁)မှုကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် တရားမအထူးအယူခံမှု (၆)မှုကို ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်