၂၇ နိုဝင်ဘာ
ဗြိတိန်နိုင်ငံကို တရားမဝင် ရွှေ့ပြောင်းနေထိုင်ဖို့ကြိုးစားရင်း သေဆုံးခဲ့တဲ့ ဗီယက်နမ် ၃၉ ဦးထဲက ပထမအကြိမ်အဖြစ် အလောင်း၁၆ လောင်းဟာ ဒီကနေ့ နိုင်ငံကို ပြန်လည်ရောက်ရှိ လာပါတယ်။ အဲဒီ ၃၉ ဦးထဲမှာ တဝမ်းကွဲညီအကိုနှစ်ဦးရဲ့အလောင်းတွေက ဒီကနေ့ပြန်ရောက်လာခဲ့ပါတယ်။
အဲဒီအလောင်းတွေကို နှင်းဆီပန်းအဖြူများနဲ့အတွက် ခရစ်ယန်ဘုန်းတော်ကြီးတွေက မိသားစုဝင်တွေနဲ့အတူ ဆုတောင်းပေးကြတာကိုလည်း တွေ့ရပါတယ်။ သေဆုံးသူ ၃၉ ဦးထဲမှာ အမျိုးသမီး ရှစ်ဦးနဲ့ အမျိုးသား ၃၁ ဦး ဖြစ်ပါတယ်။ အမျိုးသား ၃၁ ဦးထဲမှ နှစ်ဦးမှာ အသက် ၁၅ နှစ်အရွယ်ကလေးတွေ ဖြစ်ပါတယ်။
သေဆုံးသူတွေရဲ့အလောင်းကို ဗီယက်နမ်နိုင်ငံကို ပြန်လည်သယ်ဆောင်ဖို့အတွက် တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၂၈၅၆ ကုန်ကျကြောင်း ဒုတိယ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ အဲဒီကုန်ကျငွေကို ဗီယက်နမ်အစိုးရ ချေးပေးတာဖြစ်ပြီး မိသားစုဝင်တွေက ပြန်လည်ပေးချေရမှာဖြစ်ပါတယ်။
သေဆုံးသွားတဲ့ သူတွေမိသားစုဝင်တွေကို ကူညီပေးရန် အွန်လိုင်းကနေ အလှူခံနေရာ အမေရိကန်ဒေါ်လာ ၁၁၀,ဝ၀ဝ လက်ရှိအချိန်အထိ ရရှိပြီးဖြစ်ကြောင်းသိရပါတယ်။
MDN
ကိုးကား - AFP