တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စ္စည်းများ၊ မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဖေဖော်ဝါရီ ၁၇


တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ဖေဖော်ဝါရီ ၁၃ ရက်တွင် သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ တရားမဝင် အခြားသစ်(၀ ဒသမ ၂၂၀)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆,၉၈၀)ကို သစ်တော ဥပဒေအရလည်းကောင်း၊ မကွေးမြို့အဝင် ဂိတ်၌ လိုင်စင်မဲ့ Yamaha 15 မော်တော်ဆိုင်ကယ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၅၀၀,၀၀၀)နှင့် ဧရာဝတီတံတား စစ်ဆေးရေး ဂိတ်၌ လိုင်စင်မဲ့ Honda Fit မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၀၀၀,၀၀၀)တို့ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ မင်းတုန်းမြို့နယ်၌ တရားမဝင် စက်သုံးဆီ ဓါတ်ဆီ(၅၆)ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၄၀,၀၀၀)နှင့် အဆိုပါစက်သုံးဆီများ တင်ဆောင်လာသည့် Shayang 110 မော်တော်ဆိုင်ကယ် (၁)စီး၊  Luojia 110 မော်တော်ဆိုင်ကယ် (၁)စီးနှင့် New Zhineng 125 မော်တော်ဆိုင်ကယ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၀၀၀,၀၀၀)တို့ကို ရေနံနှင့် ရေနံထွက်ပစ္စည်းများဆိုင်ရာ ဥပဒေအရလည်း ကောင်း၊ ဖေဖော်ဝါရီ ၁၄ ရက်တွင် မကွေးမြို့အဝင် ဂိတ်၌ လိုင်စင်မဲ့ Toyota Wish မော်တော် ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၅၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ သရက်မြို့၊ ရုံးရပ်ကွက်၊ ကမ်းနားလမ်းနှင့် စိန့်မေရီလမ်းထောင့်၌ မော်တော်ယာဉ်(၂)စီးပေါ်မှ တရားမဝင် စက်သုံးဆီ ဓါတ်ဆီ (၂၇၇၂)ဂါလန်နှင့် ဒီဇယ်ဆီ (၄၂၀)ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅,၉၉၂,၃၂၀)၊ Paraffin Liquit တံဆိပ်ပါ ပလပ်စတစ် ပေပါခွံ (၈)လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၀,၀၀၀)နှင့်အဆိုပါစက်သုံးဆီများတင်ဆောင်လာသည့်Hino Ranger Truck (၁)စီးနှင့် Nissan Condro Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀,၀၀၀,၀၀၀) ကို ရေနံနှင့် ရေနံထွက်ပစ္စည်း များဆိုင်ရာဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀,၃၄၉,၃၀၀)ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ဖေဖော်ဝါရီ ၁၅ ရက်တွင် ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ဘားအံမြို့၊ ကမော့ ကစင်ကျေးရွာအနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ ကျားစီးရှူးဖိနပ် (၂၃၀၀)ရန် အပါအဝင် ကုန်ပစ္စည်း(၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄,၈၃၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် HOWO A7 Tractor Head (၁)စီးနှင့် နောက်တွဲယာဉ်(၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၄,၈၃၀,၀၀၀)ကို ဖမ်းဆီး ရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဖေဖော်ဝါရီ ၁၅ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် သီလဝါကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ (၁)လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် တီရှပ်အင်္ကျီ (၂၇၈)ထည်၊ Latte ခေါင်းလျှော်ရည် (၂၂၄)ဘူး အပါအဝင် ကုန်ပစ္စည်း(၁၃၉)မျိုး စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁,၈၁၈,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ဖေဖော်ဝါရီ ၁၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သာကေတမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၌ လိုင်စင်မဲ့ Toyota Mark II မော်တော်ယာဉ်(၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃,၅၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ (၂၆)ရပ်ကွက်၊ ပင်လုံလမ်းမအနီး၌ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင် ကျွန်းသစ် (၁ ဒသမ ၂၅၅)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၈၀၇,၂၀၀)ကို သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၃၀၇,၂၀၀)ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဖေဖော်ဝါရီလ ၁၃ ရက်၊ ၁၄ ရက်နှင့် ၁၅ ရက်နေ့တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၄)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၂,၃၀၄,၅၀၀)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက် ဖျက်ရေးဦးဆောင်ကော်မတီမှသိရသည်။

သတင်းစဉ်