တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ ယာဉ်အပိုပစ္စည်းများ ဖမ်းဆီးရမိ

နေပြည်တော် ဧပြီ ၁၆

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ (၂၁)လုံးအတွင်းမှ ပိုင်ရှင်မှ လာရောက်ထုတ်ယူခြင်း မရှိသည့် Toilet Seat Cover အခု (၃၄၀၀) ၊ စတီးပစ္စည်းမျိုးစုံကီလိုဂရမ် (၄၀၀) ၊ မီးဖိုချောင်သုံးပစ္စည်း Kitchen Ware Sanitary Ware Iron Sheet For Plate အခု (၁၃၅၀) ၊ မိန်းကလေးစီး ရှူးဖိနပ် အရံ(၄၂၅၀) ၊ Flexible Drain Hose ဘေစင်သုံးရေပိုက် အခု (၁၆၉၀)၊ Toyota Land Cruiser ကားအင်ဂျင်(၁)လုံး၊ Textile Machinery Parts  ကီလိုဂရမ် (၅၁၃၀) ၊ Polyester Sponge Sheet Roll ကီလိုဂရမ် (၇၄၀၀) ၊ Steel Wash Basin အခု (၁၅၄၀၀) ၊ Furnitures Steel စတီးဗီရို (၆၃၄)လုံး၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း Light Steel Keel ကီလိုဂရမ် (၂၈၀၀၀) ၊ JUG Evaporative Air Cooler (၈၇)လုံး၊ စားသောက်ကုန်ကြမ်းပစ္စည်း Food Additive-Mix Phosphate ကီလိုဂရမ် (၆၀၀) ၊ Nylon Plastic Chips ကီလိုဂရမ် (၁၆၀၀၀) ၊ Garuda ဂီယာဝိုင် (၁၅၆၉၂ ဒသမ ၁၆)ကီလိုဂရမ်၊ Bulldozer အင်ဂျင်ဝိုင် (၂၇၈၄၉ ဒသမ ၆၀) ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း အမျိုး(၃၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၀၄၆,၃၇၃,၅၅၈ ဒသမ ၂၃) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဧပြီ ၁၆ ရက်တွင် ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်၊ တောင်ငူခရိုင်၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်တို့အတွင်း၌ တရားမဝင် ကျွန်းသစ် (၇ ဒသမ ၅၉၄) တန်နှင့် အခြားသစ် (၁ ဒသမ ၅၇၉)တန် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၃၆၁,၉၃၄)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဧပြီ ၁၂ ရက်၊ ၁၃ ရက်နှင့် ၁၆ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၁)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၀၄၈,၇၃၅,၄၉၂.၂၃)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်