တရားမဝင် သစ်မျိုးစုံ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စ္စည်းများ၊ မော်တော်ဆိုင်ကယ်အပိုပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဖေဖော်ဝါရီ ၁၆

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၁၄ ရက်တွင် မန္တလေးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မန္တလေးမြို့အဝင် မြစ်ငယ် တံတားအနီး၌ မော်တော်ယာဉ်(၃)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် ခရီးဆောင်လက်ဆွဲအိတ် (၃၁၂)လုံး၊ နေကြာစေ့ (၂၅၀)ကီလိုဂရမ်၊ AD အချိုရည်ဘူးကြီး ဘူး (၂၄၀၀) ၊ Threads (ချည်လုံး) ကီလိုဂရမ် (၈၃၀၀) အပါအဝင် ကုန်ပစ္စည်း(၁၈)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၉,၈၄၂,၅၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Scania Bus (၁)စီး၊ Dong Feng Tractor Head (၁)စီး၊ Cheng Long Tractor Head (၁)စီးနှင့် နောက်တွဲယာဉ် (၂)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၂,၀၀၀,၀၀၀)ကိုလည်းကောင်း၊ မြစ်ငယ်-ထုံးဘိုလမ်းခွဲ၌ မော်တော်ယာဉ်(၄)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် SVC Combined Invereter Charger (၂၀၀)လုံး၊ မော်တော်ဆိုင်ကယ်အပိုပစ္စည်း Oil Tank Cover (၁၂၇)ခုနှင့် Real Break (၁၀၂)ကီလိုဂရမ်၊ Smokeless Hotpot Purifier (၃၇)ခု အပါအဝင် ကုန်ပစ္စည်းမျိုး (၅၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀,၁၆၈,၅၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Tractor Head (၁)စီး၊ Shacman Tractor Head (၂)စီး၊ Dong Feng Tractor Head (၁)စီးနှင့် နောက်တွဲယာဉ် (၄)တွဲ (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၂၄,၀၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၄၀၆,၀၁၁,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၁၅ ရက်တွင် တောင်ငူ ခရိုင်အတွင်း၌ တရားမဝင် အခြားသစ်(၁၅ ဒသမ ၈၀၁)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၁၆၃,၄၂၆)နှင့် နတ္တလင်း ခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် (၀ ဒသမ ၈၂၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၄,၂၈၀) ကို သစ်တော ဥပဒေအရလည်းကောင်း၊ ဖေဖော်ဝါရီ ၁၆ ရက်တွင် ကဝမြို့နယ်၊ ရွှေညောင်ပင်ကျေးရွာ၌ လိုင်စင်မဲ့ ၊ Mitsubishi Fuso Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၂,၃၅၇,၇၀၆)ကို ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဖေဖော်ဝါရီ ၁၄ ရက်၊ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၉)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၄၀၈,၃၆၈,၇၀၆)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်