တရားမဝင် သစ်မျိုးစုံ၊ မော်တော်ယာဉ်အပိုပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ မော်တော်ယာဉ်နှင့် ယန္တရားများ ဖမ်းဆီးရမိ

နေပြည်တော်၊ သြဂုတ် ၁၀

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ်  ၇ ရက်တွင် ရှမ်းပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် လားရှိုးမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူး ဦးဆောင်သည့် စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မူဆယ်မြို့မှ မန္တ‌လေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၁)စီးပေါ်တွင် တရားဝင် တင်သွင်းခွင့် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် LED မီးသီးများ၊ မော်တော်ယာဉ်အပိုပစ္စည်းများ၊ ဆိုင်ကယ်အပိုပစ္စည်းများနှင့် အပ်ချုပ်စက်(အဟောင်း)များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၄၄၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်‌ဆောင်လာသည့် Hino အမျိုး အစား မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၄၁,၄၄၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ‌ဆောင် ရွက်လျက်ရှိသည်။

 

အလားတူ သြဂုတ် ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် အကောက်ခွန်ဦးစီးဌာန၊ စုံစမ်းစစ်ဆေးရေးနှင့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဌာနခွဲမှ တာဝန်ကျစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်-ဘားအံ-မြဝတီ လမ်းကြောင်း မိုင်တိုင်(၄၅)အနီးတွင် သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထား သည်ထက် ပိုမိုတင်ဆောင်လာသော အဝတ်အထည်နှင့် လူသုံးကုန်ပစ္စည်းမျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉,၁၃၇,၅၁၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် JAC  HFC အမျိုးအစား (၂၂)ဘီး ကုန်တင်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅,၀၀၀,၀၀၀)ကိုလည်းကောင်း၊ ရန်ကုန်- ဘားအံ- မြဝတီ လမ်းကြောင်း မိုင်တိုင်(၆၀)အနီး၌ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားသည်နှင့် ကွဲလွဲစွာ တင်‌ဆောင်လာသော ဆိုင်ကယ်အပိုပစ္စည်းများ၊ ကလေးစီး သုံးဘီးဆိုင်ကယ်များနှင့် ကလေးအသုံးအဆောင်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈,၉၄၉,၅၅၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hino Profia  အမျိုးအစား(၁၂)ဘီး ကုန်တင်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၉၁,၀၈၇,၀၆၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ယင်းအပြင် သြဂုတ် ၈ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်တိုင်း ဒေသကြီး၊ မြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း(သီလဝါ) ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ တာဝန် ကျ အကောက်ခွန်အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ(ID)ဖွင့်လှစ်ပြီး (၃)နှစ် ကျော်လွန်သည်အထိ လာရောက်ထုတ်ယူခြင်းမရှိသည့် Hino  Dutro Truck အမျိုးအစား ‌မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၀၁၀,၆၄၀)၊ Toyota Hiace အမျိုးအစား မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆,၁၈၇,၁၀၀)နှင့် လုပ်ငန်းသုံးယန္တရား(၂)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၃,၄၃၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၁,၆၂၇,၇၄၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သြဂုတ် ၈ ရက်တွင်  တိုက်ကြီးမြို့နယ်  ရန်ကုန်- ပြည်ကားလမ်း ၊ မြို့နယ်လျှပ်စစ်ရုံးအနီး၌ တရားမဝင် ကျွန်းခွဲ သားဆိုဒ်စုံ (၂၀ ဒသမ ၀၃၀၄)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃,၂၂၀,၀၆၄)နှင့် အဆိုပါသစ်များ တင်‌ဆောင်လာသည့် ကုန်တင်ယာဉ်(၂)စီး (ခန့်မှန်းတန်ဖိုးငွေကျပ်  ၉၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ သြဂုတ် ၉ ရက်တွင် လှည်းကူးမြို့နယ် ၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ၊ မိုင်တိုင်(၀/၀)မိုင် လမ်းဆုံအနီးတွင် တရားမဝင် ကျွန်းပါကေးအကြမ်းတုံး (၀ ဒသမ ၉၉၅၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၆,၈၃၂) နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် မော်တော်ယာဉ်(၂)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့််မှန်းတန်ဖိုးငွေကျပ် ၁၂၉,၈၇၆,၈၉၆)ကို ဖမ်းဆီးရမိ ခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ထို့ပြင် သြဂုတ် ၉ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဦး‌ဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်‌ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အရာတော်မြို့နယ်အတွင်း KENBO 125 အမျိုးအစား လိုင်စင်မဲ့ သုံးဘီးဆိုင်ကယ် (၁)စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီးပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ယင်းအပြင် သြဂုတ် ၁၀ ရက်တွင်  ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီး သစ်တောဦးစီးဌာန  ဦးဆောင်သောစစ်ဆေးရေးအဖွဲ့က ပဲခူးခရိုင်၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်များအတွင်း တရားမဝင် သစ်မျိုးစုံ (၆ ဒသမ ၁၃၀၂)တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၇၉၈,၆၆၄)ကို သစ်တောဥပဒေအရ လည်း ကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က ‌ကျောက်တံခါးမြို့နယ်နှင့် ဒိုက်ဦး မြို့နယ်များအတွင်း AD VAN အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၀၀၀,၀၀၀)နှင့် Hilux အမျိုးအစား လိုင်စင်မဲ့မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၅၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း ၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး‌‌ငွေကျပ် ၆,၂၉၈,၆၆၄)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ပါ၍  သြဂုတ် ၇ ရက်၊ ၈ ရက် ၉ ရက်နှင့် ၁၀ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၂၀)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ်  ၃၆၀,၈၃၀,၃၆၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက် ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)