တရားမဝင်ကျွန်းသစ် သယ်ဆောင်လာသည့် ကားတစ်စီး ပေါင်မြို့၌ ဖမ်းဆီးရမိ

‌ပေါင် ၄ အောက်တိုဘာ

 

ပေါင်မြို့၊ ပေါင်းရပ်ကွက်၊  မြို့မရဲစခန်းအရှေ့တွင် အောက်တိုဘာ ၃ ရက်နေ့ မနက်ပိုင်းအချိန်က  ကြိုတင်သတင်းအရ စစ်ဆေးရှာဖွေခဲ့ရာ မှန်လုံကားတစ်စီးပေါ်မှ တရားမဝင်သစ်များ တွေ့ရှိခဲ့ကြောင်း မြို့မရဲစခန်းမှူး ဒုရဲမှူးထွန်းဇော်ဦးထံမှ သိရသည်။

 

အဆိုပါ သစ်ကားပေါ်တွင် တင်ဆောင်လာသည့် သစ်များမှာ ကျွန်းခွဲသားဆိုဒ်စုံ (၃၅)တုံး၊(၂ ဒသမ ၅၁၂)တန်ခန့်ဖြစ်ပြီး ၎င်းသစ်များမှာ တရားမဝင်သယ်ဆောင်လာသည့် သစ်များဖြစ်ကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။

 

ဖြစ်စဉ်အရ ယာဉ်ပတ်သက်သည့် သတင်းအချက်အလက်များကို စစ်ဆေးလျက်ရှိပြီး တရားမဝင်ကျွန်းသစ်ခွဲသား များအား လက်ဝယ်ထားသယ်ဆောင်လာသူ ယာဉ်မောင်း ရဲလင်းထွဋ်နှင့် ယာဉ်နောက်လိုက် ချစ်စမ်းမောင်၊မင်းထူးတို့အား ပေါင်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

ဇင်မျိုးသူ