တရားဉပဒေ စိုးမိုးမှုကို အလေးပေးကြောင်း ပြသမှုအဖြစ် ကီနိုရှာမြို့သို့ ထရမ့် ရောက်ရှိ

၂ စက်တင်ဘာ

 

 

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်သည် ဝီကွန်ဆင်းပြည်နယ် ကီနိုရှာမြို့သို့ သွားရောက် လည်ပတ်ခဲ့ပြီး လူမည်း အမျိုးသား တစ်ဉီးအား ရဲများက သေနတ်ဖြင့် ပစ်ခတ်မှုအပေါ် အကြမ်းဖက် ဆန္ဒပြသူများအား အစိုးရမှ နှိမ်နင်းမည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က အလေးအနက်ထား ပြောကြားခဲ့သည်။

 

 

ကီနိုရှာမြို့တော်သို့ ရောက်ရှိလာပြီးနောက် မီးလောင်ကျွမ်းနေသည့် စတိုးဆိုင် တစ်ဆိုင်နှင့် ဆန္ဒပြမှုများ ကိုင်တွယ်ရသည့် အထူးအဖွဲ့များရှိရာသို့ အင်္ဂါနေ့အတွင်း ထရမ့်က သွားရောက် လည်ပတ်ခဲ့သည်။

 

 

၎င်းသည် တရားဉပဒေ စိုးမိုးရေး အရာရှိများနှင့် တွေ့ဆုံခဲ့ပြီးနောက် ပြတ်ပြတ်သားသား လုပ်ဆောင်ကြရန် ၎င်းက တိုက်တွန်းခဲ့သည်။

 

 

လူမည်းအမျိုးသားဖြစ်သူ ဂျိုကိုဘလိပ်ကို ဩဂုတ်လ ၂၃ ရက်နေ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် လူမျိုးရေး ခွဲခြားမှု ဆန့်ကျင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

 

ရာပေါင်း များစွာသော လူအများသည်  သမ္မတအား ၎င်းတို့မှ ဆန့်ကျင်မှုကို ပြသရန်အတွက် ကီနိုရှာမြို့ အလယ်ပိုင်းရှိ ပန်းခြံတစ်ခုတွင် စုရုံးမှုများ ပြုလုပ်ခဲ့ကြသည်။

 

 

ဝီကွန်ဆင်းပြည်နယ်၏ ဒီမိုကရက်တစ် အုပ်ချုပ်ရေးမှူးသည် အကြမ်းဖက်မှုများကို ကာကွယ်ရန်အတွက် လုံလောက်သည့် အားထုတ်မှုကို မတွေ့ရှိရကြောင်းနှင့် ရှေ့ဆက်ပြီး ၎င်းအနေဖြင့် နောက်ရွေးကောက်ပွဲတွင်  ၎င်း၏ အားသာချက်ကို ထုတ်ဖော်ပြသနိုင်ရန် လိုအပ်ကြောင်း ထရမ့် က သတိပေးခဲ့သည်။

 

 

၎င်းအနေဖြင့် တရားဉပဒေ စိုးမိုးမှု ပြသနိုင်ရန်အတွက် ကြိုးစားနေသည်ကို မြင်တွေ့နေရကြောင်း ထရမ့်က ပြောကြားခဲ့သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်