တရုတ်-အာဆီယံ ယူ-၁၂ ပြိုင်ပွဲတွင် မြန်မာအသင်း စတုတ္ထနေရာဖြင့်သာ ကျေနပ်ခဲ့ရ

ရန်ကုန် ၆ သြဂုတ်

တရုတ်ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ၂၀၁၉ တရုတ်-အာဆီယံ ယူ-၁၂ ဖိတ်ခေါ်ပြိုင်ပွဲ Soong Ching Ling Cup 2019 ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲကို ယနေ့နံနက်ပိုင်းနှင့် ညနေပိုင်းက တရုတ်နိုင်ငံ၌ ကျင်းပရာ မြန်မာ ယူ-၁၂ အသင်းသည် စတုတ္ထနေရာဖြင့်သာ ကျေနပ်ခဲ့ရသည်။

မြန်မာ ယူ-၁၂ အသင်းသည် ဆီမီးဖိုင်နယ်တွင် အိမ်ရှင်တရုတ်အသင်းနှင့် တွေ့ဆုံရာ နှစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး ညနေပိုင်းတွင် တတိယနေရာလုပွဲ ထပ်မံကစားရခြင်းဖြစ်သည်။ တတိယနေရာလုပွဲတွင် မြန်မာအသင်းသည် မလေးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ငါးဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သောကြောင့် တတိယနေရာနှင့် လွဲချော်ခဲ့ခြင်းဖြစ်သည်။

ရဲရင့်ရှိုင်း