တရုတ် ဓာတုစက်ရုံပေါက်ကွဲမှုဖြစ်ပွား ခြောက်ဦးသေဆုံး

၂၂ မတ်

 

တရုတ်ကမ်းရိုးတန်းပြည်နယ် ဂျီအန်ဆု တွင် ဓာတုစက်ရုံတစ်ရုံ ပေါက်ကွဲမှုကြီးဖြစ်ပွားရာ  ခြောက်ဦး သေဆုံးပြီး ကျောင်းသား အပါအဝင် ၃၀ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပေါက်ကွဲမှုသည် ယမန်နေ့ညနေ ၃ နာရီခန့်က ရန်ချန်မြို့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း တရုတ်ဗဟိုရုပ်မြင်သံကြားနှင့် အခြား မီဒီယာက သတင်းဖော်ပြထားသည်။

 

ယင်းစက်ရုံပေါက်ကွဲပြီး မီးတောက်လောင်ကျွမ်းခဲ့ကြောင်းနှင့် အနီးနားနေအိမ်ပြတင်းပေါက်များ ပျက်စီးသွားခဲ့ကြောင်း သိရသည်။

 

ထိုစက်ရုံနှင့် တစ်ကီလိုမီတာ အကွာခန့်တွင် မူလတန်းကျောင်းတစ်ကျောင်းနှင့် သူငယ်တန်းကျောင်းတစ်ကျောင်း တို့ရှိနေပြီး ကျောင်းသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အွန်လိုင်းဗွီဒီယိုဖိုင်တစ်ခုတွင် ပြသထားသည်။

 

၎င်းစက်ရုံပေါက်ကွဲမှု အကြောင်းရင်းကို မသိရှိရသေးကြောင်းနှင့် အရေးပေါ်ကယ်ဆယ်ရေးသမား ၉၀ဝ ကျော်က ထိုဒဏ်ရာရသူများကို ကယ်ဆယ်ရန်နှင့် မီးတောက်ငြှိမ်းသတ်ရန် လုပ်ဆောင်နေကြသည်ဟု သိရသည်။

 

ဘာသာပြန် - မြင့်မြင့်ချို
ကိုးကား-အန်အိတ်ချ်ကေ