တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကိုဗစ်-၁၉ နောက်ထပ်ကူးစက်ခံရသူ ၂၂ ဦးတွေ့ရှိ

ပေကျင်း   ၂၂  ဇွန်

တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၂၁ ဦးကို စစ်ဆေးတွေ့ရှိခဲ့ပြီး ပြည်တွင်းရှိ ဒေသခံပြည်သူအချင်းချင်းကြား ကူးစက်ဖြစ်ပွားခြင်းဖြစ်ကြောင်း စည်ပင်ကျန်းမာရေးကော်မရှင်က ဇွန် ၂၁ ရက်တွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဇွန် ၁၁ ရက်မှ ၂၀ ရက်အထိ ပေကျင်းမြို့၌ ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၂၂၇ ဦးအထိရှိခဲ့ပြီး ကူးစက်ဖြစ်ပွားမှုအားလုံးမှာ ပြည်တွင်း၌ အချင်းချင်းကူးစက်ခံရခြင်းဖြစ်ကြောင်း သိရသည်။ ရောဂါ ကူးစက်ခံရသူများ အားလုံးမှာ ဆေးရုံများတွင် တက်ရောက်ကုသမှု ခံယူလျက်ရှိကြောင်း ပေကျင်းမြို့ စည်ပင်ကျန်းမာရေး ကော်မရှင်က နေ့စဉ်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆင်ဟွာ