တရုတ်နိုင်ငံ၏ စီးပွားရေး ၆ ဒသမ ၈ ရာခိုင်နှုန်းအထိ ကျုံ့လာ

ပေကျင်း ၁၈ ဧပြီ


ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေသည့် ကာလတရုတ်နိုင်ငံ၏ စီးပွားရေးသည် ယခုနှစ် ပထမလေးလပတ်အတွင်း ကျုံ့လာကြောင်း၊ ယခုကဲ့သို့ စီးပွားရေး ကျုံ့လာခြင်းသည် ၁၉၉၂ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

 


တရုတ်နိုင်ငံ၏ စာရင်းအင်းဆိုင်ရာ အမျိုးသားဗျူရိုက တရုတ်နိုင်ငံ၏ စီးပွားရေးသည် ယမန်နှစ်နှင့်နှိုင်းယှဉ်လျှင် ယခုနှစ် ဇန်နဝါရီလမှ မတ်လအထိ ကာလအတွင်း ၆ ဒသမ ၈ ရာခိုင်နှုန်းအထိ ကျုံ့လာကြောင်း ဖော်ပြထားသည်။ ယခုစာရင်း ဖော်ပြမှုသည် လွန်ခဲ့သောနှစ် ယခုလို ကာလစာရင်းဖော်ပြမှုထက် ၁၂ ဒသမ ၈ ရာခိုင်နှုန်း လျော့နည်းကြောင်း သိရသည်။

 


တရုတ်နိုင်ငံသည် ဟူပေပြည်နယ် ဝူဟန်မြို့ကို လွန်ခဲ့သော ဇန်နဝါရီလက အဝင်အထွက်ပိတ်ဆို့ခဲ့သည်။ အဆိုပါ နေရာသည် ကိုဗစ်-၁၉ စတင်ဖြစ်ပွားရာ ဗဟိုချက် နေရာဖြစ်သည်။

 


ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့ဖြစ်ပွားမှု ကို ထိန်းသိမ်းရန် တစ်နိုင်ငံလုံးရှိ ပြည်သူများ၏ လှုပ်ရှားမှုများနှင့် စီးပွားရေးဆောင်ရွက်ချက်များ အားလုံးကို ထိန်းချုပ်ခဲ့သည်။

 


ပထမလေးလပတ်အတွင်း ရောင်းချရသော ကားစီးရေသည် လွန်ခဲ့သောနှစ် ယခုလိုကာလနှင့် နှိုင်းယှဉ်လိုက်လျှင် ၄၀ ရာခိုင်နှုန်း ထက်မနည်း ကျဆင်းခဲ့သည်။

 


နှာခေါင်းစည်းနှင့် ဆေးဝါးထုတ်လုပ်သည့် စက်ရုံများမှလွဲလျှင် တခြားစီးပွားရေးဆိုင်ရာ စက်မှု လက်မှု လုပ်ငန်းများအားလုံး ကိုဗစ်-၁၉ ကြောင့် စီးပွားရေးဆိုးကျိုးများ ဖြစ်ပေါ်ခဲ့သည်။


ထို့အတူ အရေးကြီးသည့် တည်ဆောက်မှု လုပ်ငန်းများကိုလည်း ရပ်ဆိုင်းထားရကြောင်း သိရသည်။


အင်န်အိတ်ခ်ျကေ