တရုတ်နိုင်ငံရှန်ဟိုင်းတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကန့်သတ်ချက်များတင်းကျပ်

မတ် ၂၉

 

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့အရှေ့ဘက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများပြားလာခြင်းကို ရပ်တန့်သွားစေရန် အာဏာပိုင်များက ကိုဗစ်ဆိုင်ရာ ကန့်သတ်ချက်များ တင်းကျပ်လုပ်ဆောင်ခဲ့သည်။

 

အဆိုပါမြို့တွင် လူဦးရေ ၂၄ သန်းကျော်ရှိရာ မြို့အနှံ့ကိုဗစ်စမ်းသပ်စစ်ဆေးမှုပြုလုပ်ရန်အတွက် နှစ်ပိုင်းပိုင်းခြားထားမည် ဖြစ်သည်။

 

ထိုဒေသတွင် ကိုဗစ်ဆိုင်ရာကန့်သတ်ချက်များ အသက်ဝင်ပြီးနောက်တွင် အရှေ့ဘက်ပိုင်း တစ်ဝက်သို့ ဦးတည်သွားသော မြေအောက်ရထားများ ရပ်တန့်သွားခဲ့သည်။

 

ရှန်ဟိုင်းမြို့လယ်တွင် တိတ်ဆိတ်နေပြီး ရဲတပ်ဖွဲ့ဝင်များသည် ကိုဗစ်ဆိုင်ရာ အကာအကွယ်ဝတ်စုံများ ဝတ်ဆင်ထားကြသည်။

 

တရုတ်နိုင်ငံ၏ ကျန်းမာရေးအာဏာပိုင်များက နိုင်ငံအတွင်း ကိုဗစ်ရောဂါကူးစက်ခံရသူ ၆၀၀၀ နီးပါးတွေ့ရှိခဲ့ကြောင်း တနင်္ဂနွေနေ့က ပြောကြားသည်။

 

၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလက ဝူဟန်မြို့တွင် ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားမှု ထိုအတိုင်းအတာနီးပါးရှိခဲ့သည်။

 

ရှန်ဟိုင်းမြို့အရှေ့ပိုင်းနေထိုင်သူများအား ပီစီအာစမ်းသပ်စစ်ဆေးမှုများကို သောကြာနေ့နောက်ဆုံးထား ဆောင်ရွက်သွားမည်ဖြစ်သည်။

 

မြို့အနောက်ပိုင်းနေထိုင်သူများအား သောကြာနေ့မှ လာမည့်အင်္ဂါနေ့အထိ စမ်းသပ်စစ်ဆေးမှု လုပ်ဆောင် သွားမည်ဟု သိရသည်။

 

အာဏာပိုင်များက ကိုဗစ်စမ်းသပ်စစ်ဆေးမှုကာလအတွင်း ပြည်သူများ၏လှုပ်ရှားသွားလာမှုများကို ကန့်သတ်ရန် ကိုဗစ်ဆိုင်ရာကန့်သတ်ချက်များ ချမှတ်ထားသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို