တရုတ်တိုင်ပေ ယူ-၁၈ ဖိတ်ခေါ်ပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာအသင်းထွက်ခွာ

၂၆  စက်တင်ဘာ

 

စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၁ ရက်အထိ တရုတ်တိုင်ပေ၌ ကျင်းပမည့် တရုတ်တိုင်ပေ ယူ-၁၈ ဖိတ်ခေါ်ပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာ ယူ-၁၈ အသင်းသည် ယနေ့နံနက်အစောပိုင်းက ထွက်ခွာသွားသည်။

 

 မြန်မာ ယူ-၁၈ အသင်းတွင် အုပ်ချုပ်သူအဖြစ် ဦးရဲဝင်းအောင်၊ နည်းပြချုပ်အဖြစ် ဦးစိုးမြတ်မင်း၊ လက်ထောက်နည်းပြအဖြစ် ဦးမင်းမင်းထွန်း၊ ဦးအောင်လတ်သူ၊ ဂိုးနည်းပြအဖြစ် ဦးစိန်အေး၊ ကစားသမားများအဖြစ် ဂိုး-ပြည့်ဖြိုးသူ၊ နေလင်းထက်၊ နောက်တန်း- စည်သူမိုးခန့်၊ ဉာဏ်လင်းထက်၊ ဝေယံစိုး၊ သက်ဟိန်းစိုး၊ ရှင်းသန့်အောင်၊ ကောင်းခန့်ကျော်၊ အလယ်တန်း-လမင်းထွေး၊ မိုးဆွေ၊ ရန်ကျော်စိုး၊ ဇော်ဝင်းသိန်း၊ ရဲမင်းကျော်၊ ရှေ့တန်း- ပြည့်စုံနိုင်၊ စောကျော်အဲ၊ ပြည့်ဖြိုးအောင်၊  ခွန်ကျော်ဇင်ဟိန်းနှင့် အောင်ကိုဦးတို့ ပါဝင်ကြသည်။ ယင်းပြိုင်ပွဲတွင် အသင်းလေးသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အိမ်ရှင်တရုတ်တိုင်ပေ၊ မြန်မာ၊ ဟောင်ကောင်နှင့် ဥရောပမှ ဂျီဘရော့တာအသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။ ပြိုင်ပွဲကို ပတ်လည်စနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စုအဖွင့်ပွဲအဖြစ် စက်တင်ဘာ ၂၈ ရက်တွင် အိမ်ရှင်တရုတ် တိုင်ပေအသင်းနှင့် စတင်ကစားရမည်ဖြစ်ပြီး စက်တင်ဘာ ၃၀ ရက်တွင် ဂျီဘရော့လ်တာ အသင်း၊ အောက်တိုဘာ ၁ ရက်တွင် ဟောင် ကောင်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

 

မန်မာ ယူ-၁၈ အသင်းသည် နိုဝင်ဘာတွင် ယှဉ်ပြိုင်ရမည့် အာရှ ယူ-၁၉ ခြေစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ မြန်မာ ယူ-၁၈ အသင်းသည် ယင်းခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် ကစားသမား ၂၈ ဦးအနက် ၁၈ ဦးရွေးချယ်ကာ သွားရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်