တတိယအကြိမ် ကရင်ပြည်နယ် ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ ဘားအံမြို့တွင် ကျင်းပ

ဘားအံ   ၁၇    မေ

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂၀၁၉ ခုနှစ် တတိယအကြိမ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို မေ ၁၇ ရက် မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ အမှတ်  ၅ ရပ်ကွက်ရှိ အောင်သံလွင် အားကစားကွင်း၌ ကျင်းပခဲ့သည်။

အခမ်းနားသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် တက်ရောက်ကာ အဖွင့်အမှာစကား ပြေကြားခဲ့သည်။ ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ နှင့် ကရင်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် တို့က ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်တီးခတ်ပေးသော ဘားအံမြို့ အခြေပညာအထက်တန်းကျောင်းများမှ ဘင်ခရာအဖွဲ့၊ ပန်းပွားအဖွဲ့နှင့် ဘားအံကြက်ခြေနီ တပ်ဖွဲ့တို့အား ဂုဏ်ပြုငွေများ ချီးမြင့်ခဲ့ကြပြီး ဖွင့်ပွဲပထမပွဲစဉ် အနေဖြင့် လျှပ်စစ်/ စက်မှု /ပအိုဝ်း အသင်းဝန်ကြီးဌာနအသင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  အသင်းယှဉ်ပြိုင်ကြရာ ပြည်နယ်ဝန်ကြီးများ၊ ဌာဆိုင်ရာများနှင့် ဘောလုံးအားကစား ဝါသနာရှင်များနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

 

mdn

 

အဆိုပါ ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲတွင် လျှပ်စစ်/စက်မှု /ပအိုဝ်းအသင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လူမှုရေးဝန်ကြီးဌာနအသင်း၊ ထွေအုပ်ဘောလုံးအသင်း၊ တရားလွှတ်တော်အသင်း၊ လုံ/နယ်ဝန်ကြီးဌာနအသင်း၊ ဗမာ/မွန် ဝန်ကြီးဌာနအသင်း၊ သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနအသင်း၊ စီမံ/ဘဏ္ဍာ/စည်ပင် ဝန်ကြီး ဌာနအသင်း စုစုပေါင်း အသင်(၉)သင်း အုပ်စုပတ်လည်  ပွဲစဉ်များဖြင့် ယှဉ်ပြိုင်ကစား ကြမှာဖြစ်ပြီး ဇွန်လ(၃) ရက်တွင် ဗိုလ်လုပွဲစဉ်ကို ယှဉ်ပြိုင်ကာ ဆုများချီမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)