တူနီးရှားနိုင်ငံမှာ ညမထွက်ရ အမိန့်ကို နှစ်ကုန်ပိုင်းအထိ တိုးမြှင့်

၇ ဒီဇင်ဘာ

 

 

တူနီးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု များပြားနေတာကို ထိန်းချုပ်ရန်အတွက် ညမထွက်ရ အမိန့်ကို နှစ်ကုန်ပိုင်းအထိ တနင်္ဂနွေနေ့က တိုးမြှင့်လိုက်ကြောင်း သိရပါတယ်။

 

 

အစိုးရအဖွဲ့ရဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ထိန်းချုပ်ရေး ဆွေးနွေးပွဲအပြီးမှာ ညမထွက်ရအမိန့် (ည ၈ နာရီ နံနက် ၅ နာရီ) အထိ သတ်မှတ်ထားကြောင်း၊ စည်းမျဉ်းသစ်အနေနဲ့ လူမြင်ကွင်းမှာ လူတိုင်း မျက်နှာဖုံး ဝတ်ဆင်ထားရမှာဖြစ်ပြီး လူစုဝေးခွင့်ကို ၃၀ ဦးအထိသာ သတ်မှတ်ထားပါတယ်။ ကော်ဖီဆိုင်တွေအား ည ၇ နာရီအထိ ဖွင့်ခွင့်ပေးထားပေမယ့် ညနေ ၄ နာရီမှာ ထိုင်ခုံများတွင် တည်ခင်းခွင့် မရရှိကြောင်းနဲ့ shisha ရောင်းချခွင့် ပိတ်ပင်ထားကြောင်း သိရပါတယ်။

 

 

တူနီးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုကို ကနဦးပိုင်းမှာ ထိန်းချုပ်နိုင်ပေမယ့် ဇွန်လက နိုင်ငံရဲ့ နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်လိုက်ပြီးနောက် ပိုးကူးစက်မှု များပြားလာတာကို တွေ့ရပါတယ်။

 

 

လူဦးရေ ၁၁ သန်းနေထိုင်တဲ့ တူနီးရှားနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၁၀၀,၀၀၀ ရှိပြီး သေဆုံးသူ ၃,၅၀၀ ကျော်ရှိကြောင်း အစိုးရရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကူးစက်မှုဟာ နိုင်ငံရဲ့စီးပွားရေးကို ထိခိုက်မှုရှိပြီး ၂၀၂၀ ခုနှစ်ရဲ့ GDPမှာ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ က ထုတ်ပြန်ထားပါတယ်။

 

 

MDN




ကိုးကား - AFP